• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပေါ်တူကီရှိ တရုတ် ရင်းနှီးမြှုပ်နှံသူများသည် ရေရှည် ယုံကြည်အားကိုးရသော မိတ်ဖက်များ ဖြစ်သည်ဟု ဒေသခံများ ယူဆ

(GMT+08:00) 2018-12-05 09:50:37

ယခုနှစ်များအတွင်း ပေါ်တူကီ၌ တရုတ် လုပ်ငန်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု အဆက်မပြတ် တိုးများလာကာ ရင်းနှီးမြှုပ်နှံရေး နယ်ပယ်မှာ စွမ်းအင်၊ ငွေကြေး၊ အာမခံ လုပ်ငန်း၊ ဆေးဝါးကုသရေး စသဖြင့် ပါဝင်ပါသည်။ တရုတ် ဖူရှင်း ကုမ္ပဏီ အုပ်စုနှင့် ပေါ်တူကီ လုပ်ငန်းကုမ္ပဏီတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ယင်းတို့အနက် စံတင် လောက်သည်ဟု ဆိုနိုင်ပါသည်။

လွန်ခဲ့သည့် လေးနှစ်အတွင်း ဖူရှင်း ကုမ္ပဏီသည် ပေါ်တူကီ၌ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ ယူရိုငွေ ၂့ ၁၅ ဘီလီယံ ရှိပြီး ဖူရှင်း ကုမ္ပဏီသည် ပေါ်တူကီ၌ ရင်းနှီးမြှုပ်နှံမှု ပမာဏ အများဆုံးသော တရုတ် အရပ်ဘက် လုပ်ငန်း ကုမ္ပဏီ ဖြစ်လာပါသည်။

ဖူရှင်း ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေသော ပေါ်တူကီ Fidelidade ကုမ္ပဏီ CEO ကိုရီယာက၊ မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန် နားလည်၊ အပြန်အလှန် လေးစားသော အခြေခံပေါ်မှာ တည်ရှိနေသည်ဟု ပြောကြားပါသည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ပေါ်တူကီ Fidelidade ကုမ္ပဏီ၏ အမြတ်အစွန်းသည် ယူရိုငွေ ၁၀၈ သန်းကနေ သန်း ၂၁၆၀ အထိ တိုးလာသည်ဟု သိရပါသည်။

   Webradio