• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်ရေးပေါ်လစီကို စွဲစွဲမြဲမြဲစွဲကိုင်ပြီး ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေးလိုကြောင်း လီခေ့ချန်ဆို

(GMT+08:00) 2018-12-04 14:39:02

မကြာခင်ရက်များက တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်က ကျန်းစူးပြည် နယ် နန်ကျင်းမြို့တွင် ပြည်နယ်အချို့အစိုးရမှတာဝန်ခံများကိုခေါ်ယူပြီး ပြည်တွင်း စီးပွားရေးအခြေအနေ ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဦးစီးကျင်းပခဲ့ရာ မျက်မှောက်ကာလ တွင် ပြည်တွင်းပြည်ပ အခြေအနေ ရှုပ်ထွေးပြီး စီးပွားရေးတိုးတက်နှုန်းကျဆင်းလာကာ ဒေသအသီးသီးအကြား ဖွံ့ဖြိုးတိုးတက်ရေး ကွာဟမှုထင်ရှားကြောင်း၊ မိမိတို့အနေနှင့် ပြုပြင်ပြောင်းလဲရေး ဇောက်ချပြုလုပ်ခြင်းနှင့် တံခါးဖွင့်ရေးပေါ်လစီတိုးချဲ့ကျင့်သုံးရေးကို စွဲစွဲမြဲမြဲစွဲကိုင်ပြီး ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွန်းအားပေးမှုကို အားဖြည့်ပေး ကာ စီးပွားရေးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင်ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း ပြောကြားသည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

 

   Webradio