• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပနားမားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အာဖ်ရေဂိုနှင့်တွေ့ဆုံ

(GMT+08:00) 2018-12-04 14:11:44

ဒေသစံတော်ချိန်ယခုလ ၃ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ပနားမား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အာဖ်ရေဂိုနှင့်တွေ့ဆုံခဲ့ကြောင်း၊ ပနားမားအဓိက ပါတီများမှ တာဝန်ခံများတက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်-ပနားမားသံတမန်ဆက်ဆံရေးထားရှိခြင်း သည် နှစ်နိုင်ငံပြည်သူပြည်သားများအား အကျိုးစီးပွါးများဆောင်ကျဉ်းပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကိုစွဲကိုင်သောအခြေခံပေါ်တွင် ပနားမားနှင့်လက်တွဲပြီးနှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုတိုးမြှင့်ရန် အားထုတ်ဆောင်ရွက်လို ကြောင်း၊ တရုတ်-ပနားမားချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်ရေးသည် တစ်ဆက်ပြီး တစ်ဆက် ဆက်ခံနိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အာဖ်ရေဂိုက ပနားမားလောကပေါင်းစုံတို့သည် ဥက္ကဋ္ဌရှီကျင့်ဖိန်ပနားမားသို့ခရီး လည့်လည်ခြင်းကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ယခုအကြိမ်ဥက္ကဋ္ဌရှီကျင့်ဖိန်၏ပနားမား ခရီးစဉ်သည် ပနားမား-တရုတ်ဆက်ဆံရေးကိုခိုင်မာစေနိုင်မည်ဟု ယုံကြည့်ကြောင်း ပြောကြားခဲ့သည်။

   Webradio