• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လိကျန့်စူးသည် တူရကီအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရလ်ဒီရီမိုနှင့်တွေ့ဆုံ

(GMT+08:00) 2018-12-04 14:11:19

တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌ လိကျန့်စူးသည် ယခုလ ၃ ရက်နေ့က ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် တူရကီအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ရလ်ဒီရီမိုနှင့်တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် လိကျန့်စူးက တရုတ်-တူရကီဖွံ့ဖြိုးရေးအခြေအနေနီးစပ်ပြီး ကျယ်ပြန့်စွာတူညီသောအကျိုးစီးပွါးရှိကာပူးပေါင်းဆောင်ရွက်ရေးအလားအလာကောင်းမွန်ကြောင်း၊ ယခုနှစ်တွင် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် သမ္မတအလ်ဒိုကန်နှင့် နှစ် ကြိမ်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့်အရေးကြီးသောနိုင်ငံတကာနှင့်ဒေသတွင်းရေးရာများအပေါ် သဘောတူညီမှုရရှိခဲ့ကြောင်း၊ ယင်းသည် ခေတ်သစ်တွင် တရုတ်-တူရကီ ဆက်ဆံရေးတိုးတက်မှုအတွက်စီစဉ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရလ်ဒီရီမိုက နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုကောင်းမွန်နေပြီး Belt and Road အတူတည်ဆောက်ရေး၊ စီးပွါးကုန်သွယ်ရေး၊ မီးရထားလမ်း၊ ခရီးသွားလာရေး၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးစသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုအလားအလာ ကျယ် ပြန့်ကြောင်း ပြောကြားခဲ့သည်။

   Webradio