• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘောဒီးယားခရီးသွားလာမှုစီမံခန့်ခွဲရေးလူကောင်းလူတော်များ မွမ်းမံသင်တန်းပြီးစီး

(GMT+08:00) 2018-12-03 15:21:25

ယခုလ ၁ရက်နေ့က ၃ရက်ကြာသော ကမ္ဘောဒီးယားခရီးသွားလာရေးစီမံခန့်ခွဲရေးလူကောင်းလူတော်များ မွမ်းမံသင်တန်း သင်တန်းဆင်းပွဲကို ကမ္ဘောဒီးယားနိုင်ငံကိုကွန်ပြည်နယ်ရှိ တရုတ်-အာဆီယံခရီးသွားလာရေး လူကောင်းလူတော်များ ပညာသင်ကြားပျိုးထောင်ရေး အခြေခံစခန်း ကမ္ဘောဒီးယားစင်တာတွင် ကျင်းပခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံခရီးသွားလာရေး အသက်မွေးဝမ်းကြောင်းပညာသင်ကြား ပျိုးထောင်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မင်ဗန်တက်သည် တရုတ်-အာဆီယံခရီးသွားလာရေး လူကောင်းလူတော်များပညာသင်ကြား ပျိုးထောင်ရေးအခြေခံစခန်းမှတစ်ဆင့် ကမ္ဘောဒီးယား ခရီးသွားလာရေးလုပ်ငန်း စီမံခန့်ခွဲရေးအဆင့်ကို တိုးမြှင့်ရန်၊ နိုင်ငံတကာ ခရီးသွားများအတွက် ကောင်းမွန်သောဝန်ဆောင်မှုပေးရန်၊ ခရီးသွားလာရေးတိုးတက်မှု တွန်းအားပေးရန်နှင့် ခရီးသွားလုပ်ငန်းစီမံခန့်ခွဲရေးနှင့် သက်ဆိုင်ရာ အတတ်ပညာလူကောင်းလူတော်များကို ပြုစုပျိုးထောင်ပေးရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio