• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန်ခေါင်းဆောင်တို့ဗျူနိုအေရီးစ်မြို့တွင့်တွေ့ဆုံပွဲအောင်မြင်မှုကိုအမေရိကန်စီးပွါးရေးလောကနှင့်လယ်သမားများကြိုဆို

(GMT+08:00) 2018-12-03 14:46:18

တရုတ်-အမေရိကန်ခေါင်းဆောင်ဗျူနိုအေရီးစ်မြို့တွေ့ဆုံပွဲအောင်မြင်မှုရလဒ်များ ကို ဒေသစံတော်ချိန် ၂ ရက်နေ့ကထုတ်ပြန်ပြီးနောက် အမေရိကန်စီးပွါးရေးလောကနှင့် လယ်သမားများကြိုဆိုကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

အမေရိကန်ကုန်သည်များအသင်းအမှုဆောင်ဒုဥက္ကဋ္ဌ ဘရီလ်အန်ဒယ်က အမေရိကန် - တရုတ်ထိပ်သီးခေါင်းဆောင်များသည် နှစ်ဖက်ကုန်သွယ်ရေးအငြင်းပွါးမှုလျော့ပါးစေရန် ပြန်လည်တွေ့ဆုံဆွေးနွေးခြင်းကို အမေရိကန်ကုန်သည်များအသင်းကြိုဆိုပါကြောင်း၊ အမေရိကန် ကုန်သည်များအသင်းသည် အမေရိကန်-တရုတ်နှစ်နိုင်ငံအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်လယ်သမား အန်ဂျစ်လာဟိုဖ်မန်က အမေရိကန်လယ်သမားများသည်

ကုန်သွယ်ရေးအငြင်းပွါးမှုလျှော့ပါးရန် သတင်းမှန်သမျှကြိုဆိုကြကြောင်းပြောကြားခဲ့သည်။

   Webradio