• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လျူဟက်သည်၊ ဂျာမဏီ ဒု ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-11-27 16:16:55

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၆ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ် လျူဟက်သည်၊ ဂျာမဏီနိုင်ငံ ဘာလင်မြို့တော်၌ ဂျာမဏီ ဒု ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး လျှော်လ်ဇ်နှင့် တွေ့ဆုံဆွေးနွေးသည့်အပြင်၊ ဂျာမဏီ စီးပွားရေးနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး အယ်ထ်မိုင်လ်နှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင်ကဖော်ပြသည်။

  လျှော်လ်ဇ်နှင့် ဆွေးနွေးခဲ့ရာ၌ လျူဟက်က ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်- ဂျာမဏီဆက်ဆံမှုကောင်းမွန်စွာ ဖွံ့ဖြိုးလာပြီး၊ နှစ်နိုင်ငံခေါင်းဆောင်တို့ကြိမ်ပေါင်းများစွာ ခရီးလှည့်လည်ခြင်းကြောင့်၊ နှစ်ဖက်အပြန်အလှန်ယုံကြည်မှု သိသာထင်ရှားစွာ တိုးပွား လာပြီး၊ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများသည်၊ အောင်ကျိုးရလဒ်များစွာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

 အယ်ထ်မိုင်လ်နှင့် တွေ့ဆုံခဲ့ရာ၌ လျူဟက်က ယခုနှစ်များအတွင်း တရုတ်-ဂျာမဏီ ဆက်ဆံမှုအဆက်မပြတ်တိုးတက်လာခဲ့ပြီး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများသည်၊ ဆက်တိုက်ကောင်းမွန်စွာဖွံ့ဖြိုးလျက်ရှိကြောင်း ပြောကြား ခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio