• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တတိယအကြိမ်မြောက်ဗိုကာရာတရုတ်ရုပ်ရှင်ပွဲတော်နှင့် Belt&Roadဓါတ်ပုံပြပွဲကို နီပေါတွင်ကျင်းပ

(GMT+08:00) 2018-11-27 14:47:56

ယခုလ၂၆ရက်နေ့က နီပေါနိုင်ငံတရုတ်ယဉ်ကျေးမှုစင်တာကြီးမှူးကျင်းပသော တတိယအကြိမ်မြောက်ဗိုကာရာတရုတ်ရုပ်ရှင်ပွဲတော်နှင့် Belt&Roadဓါတ်ပုံပြပွဲကို နီပေါနိုင်ငံ ဗိုကာရာမြို့တွင်ကျင်းပခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ရုပ်ရှင်ပွဲတော်တွင် ပရိသတ်များသည်  Detective Chinatwon the Grandmasterနှင့် Monkey King: Hero Is Backစသော တရုတ်ရုပ်ရှင်ကားများနှင့် တရုတ်"Belt&Road"အဆိုပြုချက်ကို မိတ်ဆက်သည့် မှတ်တမ်းတင်ကားများကို ကြည်ရှုနိုင်ကြောင်း၊ ဓါတ်ပုံပြပွဲတွင် "Belt&Road" တည်ထောင်ခြင်း အောင်မြင်မှုများကို ဖော်ပြထားသော ဓါတ်ပုံများမှတဆင့် သက်ဆိုင်ရာ နိုင်ငံနှင့် ဒေသများ၏ နောက်ဆုံးတိုးတက်မှုများကို သိရှိနားလည်နိုင်ကြကြောင်း သတင်းအရ သိရပါသည်။

   Webradio