• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်-ကွမ်တုံးစီးပွားရေးတွန်းအားပေးရေးအသင်း၁၇ကြိမ်မြောက်အစည်းအဝေးကို ကွမ်ကျိုးမြို့၌ ကျင်းပ

(GMT+08:00) 2018-11-27 14:23:31

ဂျပန်-ကွမ်တုံးစီးပွားရေးတွန်းအားပေးရေးအသင်း၁၇ကြိမ်မြောက်အစည်းအဝေးကို ယခုလ၂၆ရက်နေ့က ကွမ်ကျိုးမြို့၌ ကျင်းပခဲ့ကြောင်း၊ ကွမ်တုံးပြည်နယ်ဒုပြည်နယ်ဥက္ကဋ္ဌ ချန်လျန်ရှန်သည် ယခုအကြိမ်အစည်းအဝေးသို့တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင်သတင်းအရသိရပါသည်။

ဒုပြည်နယ်ဥက္ကဋ္ဌ ချန်လျန်ရှန်က ကွမ်တုံးပြည်နယ်နှင့် ဂျပန်နိုင်ငံအထူးသဖြင့် ဟျူဂိုပြည်နယ်နှင့်အကြား စီးပွားကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုဆက်ဆံမှုသည် အချိန်ကြာရှည်စွာ ကောင်းမွန်ပါကြောင်း၊ ကွမ်တုံးပြည်နယ်သည် တရုတ်-ဂျပန်နှစ်နိုင်ငံခေါင်းဆောင်များရရှိခဲ့သော သဘော တူညီချက်များမူဘောင်တွင် ဟျူဂိုပြည်နယ်နှင့် စီးပွားကုန်သွယ်ရေး၊ နည်းပညာ၊ ပညာရေးနှင့်လူမှုရေးစသောနယ်ပယ်များတွင် လက်တွေ့ကျကျ ကူးလူးဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio