• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန်၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ၂ ကြိမ်နှင့် ပတ်သက်၍ ကုလ လုံခြုံရေးကောင်စီမှ သဘာပတိ မိန့်ခွန်း ထုတ်ပြန်

(GMT+08:00) 2018-11-26 15:38:21

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျသဘာပတိ၊ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် မာကျောင်ရွှီ က သဘာပတိမိန့်ခွန်းကို ထုတ်ပြန်ခဲ့ရာ၌၊ မကြာခင်ရက်များက ပါကစ္စတန်နိုင်ငံ Karachi မြို့ ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ခံခဲ့ရသည့် အလစ်ဝင်တိုက်ခိုက်မှုနှင့် ပါကစ္စတန် ပြည်တွင်းဖြစ်ပွားခဲ့သည့် နောက်ထပ်တစ်ကြိမ်အကြမ်းဖက်တိုက်ခိုက်မှုအပေါ် အပြင်း ထန်ဆုံးသော ပြစ်တင်ရှုတ်ချခြင်း ဖော်ပြခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

  လုံခြုံရေးကောင်စီဝင်များက၊ သံတမန်ရေးနှင့် ကောင်စစ်ဝန်ရုံးများအပေါ် ကျူးကျော်၍ မရသော အခြေခံမူကို အလေးထားဖော်ပြသည့်အပြင်၊ ရုံးစိုက်ရာ နိုင်ငံများအနေနှင့်၊ ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ဝတ္တရားရှိကြောင်း ဖော်ပြကြသည်။

  ဆက်လက်၍ လုံခြုံရေးကောင်စီဝင်များက နိုင်ငံအားလုံးတို့အနေနှင့်၊  (ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်)နှင့် အခြားနိုင်ငံတကာတရားဥပဒေအရ၊ လုပ်ဆောင် ချက်ရှိသမျှဖြင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများ ဖြစ်စေသည့် အကြမ်းဖက် လုပ်ရပ်များအားတိုက်ခိုက်သင့်ကြောင်း ထပ်လောင်း ဖော်ပြကြသည်ဟု သတင်းအရ သိရသည်။

   Webradio