• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရောပ သမဂ္ဂမှ ဗြိတိန် အကယ်၍ ထွက်ခွါမလား

(GMT+08:00) 2018-11-22 20:58:03

ယခုလ ၂၅ရက်နေ့တွင် ဥရောပ သမဂ္ဂသည် အထူး ထိပ်သီး အစည်းအဝေးကို ကျင်းပမည် ဖြစ်ကြောင်း၊ ၄င်းအစည်းအဝေးတွင် ဗြိတိန်နှင့် ရရှိခဲ့သော "ဥရောပ သမဂ္ဂမှ ထွက်ခွါရေး သဘောတူစာချုပ် မူကြမ်း" အတည်ပြုမပြုရေးကို ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ မကြာခင်က ဗြိတိန် ကက်ဘိနက်အဖွဲ့သည် ၄င်း၅၈၅စာမျက်နှာ ရှိသည့် မူကြမ်းကို အတည်ပြု ပြဌာန်းခဲ့ကြောင်း၊ ပိုမိုအရေးကြီးသည့်အချက်မှာ ယခုအကြိမ် အထူး ထိပ်သီး အစည်းအဝေးတွင် ဗြိတိန် ဝန်ကြီးချုပ် တယ်ရယ်စာမေသည် ဗြိတိန်က ထွက်ခွါပြီးနောက် ဗြိတိန်-ဥရောပ သမဂ္ဂ ဆက်ဆံရေးနှင့် ပတ်သက်၍ ဥရောပ သမဂ္ဂနှင့် နိုင်ငံရေး ကြေညာချက် တစ်ရပ် ရရှိမည် ဖြစ်ကြောင်း၊ ဗြိတိန်သည် အမျိုးသား ကံကြမ္မာနှင့် သက်ဆိုင်သော သော့ချက်ကျသည့် အချိန်တွင် ရောက်ရှိပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းအထူး ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ယခုလ ၂၁ရက်နေ့က ဝန်ကြီးချုပ် တယ်ရယ်စာမေသည် ဘရပ်ဆဲသို့ ရောက်ရှိပြီး ဥရောပ သမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ ယွန်ကာနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဥရောပ သမဂ္ဂ ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ခေါင်းဆောင်၂ဦးတို့၏ ဆွေးနွေးပွဲတွင် အလွန်ကောင်းမွန် သောတိုးတက်မှု ရရှိခဲ့ကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေ သေးကြောင်း ပြောကြားသည်။

အကယ် ၍ ဗြိတိန်နှင့် ဥရောပ သမဂ္ဂ အကြား အရေးကိစ္စများစွာတွင် သဘောကွဲလွဲမှု ရှိမြဲရှိနေသေးကြောင်း၊ ယင်းအရေးကိစ္စများတွင် သက်ဆိုင်ရာ ပင်လယ်ရပ်ဝန်းများ၌ ဗြိတိန်နှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အကြား ငါးဖမ်းပိုင်ခွင့် မည်သို့ ခွဲဝေပေးရေး၊ ဗြိတိန် လက်အောက်ခံ ဂျီဘရောတာ အပေါ် စပိန်နိုင်ငံ၏ "အချုပ်အခြာ အာဏာဆိုင်ရာ တောင်းဆိုချက်"နှင့် အနာဂတ် ဗြိတိန်-ဥရောပ သမဂ္ဂ အကြားရှိ ကုန်သွယ်ရေး စီစဉ်ပေးမှု စသည်များ ပါဝင်ကြောင်း၊ ဥက္ကဋ္ဌ ယွန်ကာနှင့် ဆွေးနွေးပွဲ အပြီးတွင် ဝန်ကြီးချုပ် တယ်ရယ်စာမေက ယခုလ ၂၄ရက်နေ့တွင် ယွန်ကာနှင့် ညှိနှိုင်းဆွေးနွေးမှုကို တစ်ဆင့်တိုး ပြုလုပ်မည်ဟု ပြောကြားကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ခြုံပြီးပြောရလျှင် ဗြိတိန် အစိုးရနှင့် ဥရောပ သမဂ္ဂတို့သည် သဘောတူညီချက် တစ်ခုရှိကြောင်း၊ ၄င်းသဘောတူညီချက်က ဥရောပ သမဂ္ဂမှ ဗြိတိန် ထွက်ခွါပြီးနောက် နှစ်ဖက် ဆက်ဆံမှုနှင့် သက်ဆိုင်ရာ အစီအစဉ်များသည် အရင်းခံ ပြောင်းလဲမှု မရှိသင့် ကြောင်း၊ နှစ်ဖက်တို့၏ အကျိုးစီးပွားသည် ယင်းအချက်အပေါ်တွင် မူတည်ကြောင်း၊ ၄င်းသဘောတူညီချက်သည် အခြား သဘောကွဲလွဲမှုများထက် ပိုပြီး အရေးကြီးကြောင်း စိအာအိုင်က ဖော်ပြသည်။

ဥရောပ သမဂ္ဂမှ ဗြိတိန် ထွက်ခွါရေး သဘောတူစာချုပ် မူကြမ်းသည် ဥပဒေအရ ဗြိတိန်နိုင်ငံကို ဥရောပသမဂ္ဂမှ ထွက်ခွါစေရန်  အားမခံပေးသော်လည်း အကယ်၍ ဗြိတိန် နိုင်ငံကို ဥရောပ သမဂ္ဂတွင် ရှိမြဲရှိစေရန် အာမခံပေးနေကြောင်း၊ ဥပမာပြောရလျှင် ဗြိတိန်နိုင်ငံ လက်အောက်ခံ မြောက်အိုင်ယာလန်နှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် အိုင်ယာလန် နိုင်ငံ အကြားရှိ နယ်စပ် ပြဿနာနှင့် ပတ်သက်၍ ၄င်းမူကြမ်းတွင် ကြားခံ နည်းလမ်း တစ်ခု ရေးသားထားကြောင်း၊ ၄င်းကြားခံနည်းလမ်းအရ နှစ်ဖက်တို့ အကြား ၄င်းပြဿနာနှင့် ပတ်သက်၍ သဘောတူညီမှု မရရှိနိုင်ပါက နောက်ဆုံး ဖြေရှင်းရေး နည်းလမ်း ရှာတွေ့သည့်အထိ ဗြိတိန် နိုင်ငံနှင့် ဗြိတိန် လက်အောက်ခံ မြောက်အိုင်ယာလန်တို့သည် ဥရောပ သမဂ္ဂ အခွန်တော် မဟာမိတ်အဖွဲ့နှင့် ဥရောပ သမဂ္ဂ အတွင်းဈေးကွက်တွင် ရှိရန် လိုကြောင်း၊ ရည်ရွယ်ချက်မှာ အိုင်ယာလန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံ လက်အောက်ခံ မြောက်အိုင်ယာလန် အကြား ခိုင်မာပြတ်သားသော နယ်သတ်မျဉ်း သတ်မှတ်ခြင်း မရှိစေပြီး နှစ်ဖက်အကြား လက်ရှိ ဝန်ထမ်းနှင့် ကုန်ပစ္စည်း၏ လွတ်လွတ်စွာ သွားလာမှုကို အာမခံပေးရန် ဖြစ်ကြောင်း၊ အကယ်၍ ၄င်းကြားခံနည်းလမ်းသည် ဗြိတိန်နှင့် ဥရောပ သမဂ္ဂတို့ အတူစွဲကိုင်ကြသည့်  အောက်ခြေ အခြေခံ စည်းမျဉ်းကို ဖော်ပြနေကြောင်း၊ ၄င်းအောက်ခြေ အခြေခံ စည်းမျဉ်းမှာ လက်ရှိအခြေအနေကို ထိန်းသိမ်းထားရန်ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ဗြိတိန် ဝန်ကြီးချုပ် တယ်ရယ်စာမေသည် ပြည်တွင်းက ကြီးမားသည့် နိုင်ငံရေး ဖိအားခံနေရသော်လည်း ဥရောပ သမဂ္ဂနှင့် ရရှိခဲ့သော ၄င်းထွက်ခွါရေး သဘောတူ စာချုပ် မူကြမ်းကို စွဲကိုင်ခြင်း ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ဥရောပ သမဂ္ဂနှင့် အဓိက ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ၄င်းမူကြမ်းသည် သမာသမတ်ကျသော သဘောတူ စာချုပ် မူကြမ်း ဖြစ်ပြီး နှစ်ဖက်တို့ အနေနှင့် အပြန်အလှန် အလျှော့ပေးခဲ့သည်ဟု ယူဆကြကြောင်း စီအာအိုင်က ဖော်ပြသည်။

၂၅ရက်နေ့တွင် ကျင်းပမည့် ဥရောပ သမဂ္ဂ အထူး ထိပ်သီး အစည်းအဝေး၌  တရားဝင် ချုပ်ဆိုရန် ရှိသော ဗြိတိန်-ဥရောပ သမဂ္ဂ ဆက်ဆံရေး ဆိုင်ရာ နိုင်ငံရေး ကြေညာချက်တွင် ဗြိတိန်နိုင်ငံကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အဖြစ် သဘောထားမည်ဟု ဖော်ပြနိုင်ဖွယ်ရာရှိကြောင်း၊ အကယ်၍ အနာဂတ် နှစ်ဖက် ဆက်ဆံမှုတွင် ကြီးမားသည့် ပြောင်းလဲမှု ရှိမည် မဟုတ်ကြောင်း၊ ဥရောပ သမဂ္ဂမှ သံတမန် အရာရှိ အချို့က ထုတ်ဖော်ပြောကြားသည်ဟု ဂျာမဏီ မီဒီယာက ဖော်ပြသည်။

   Webradio