• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးသင်္ဘောကြီး ထပ်မံ ခရီးထွက်

(GMT+08:00) 2018-11-19 16:26:01

      ၂ ရက်ကြာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ၂၆ ကြိမ် မြောက် ထိပ်သီးများအလွတ်သဘောအစည်းအဝေးကို ယခုလ ၁၈ ရက်နေ့က ပါပူဝါနယူးဂီနီနိုင်ငံမှာ ကျင်းပ ပြီးစီးခဲ့တယ်။ အစည်းအဝေးကျင်းပတဲ့ အတောအတွင်းမှာ အဖွဲ့ဝင် စီးပွားရေးအုပ်စု အသီးသီးတို့အနေနဲ့၊ "သက်ညှာထောက်ထားမှုရှိသော အခွင့်အလမ်းနှင့် ဒီဂျစ်တယ်နည်းပညာဖွံ့ဖြိုးတဲ့ အနာဂတ်ကို လက်မလွှတ်ရန်"ကို ဆောင်ပုဒ်အဖြစ်ထားပြီး၊  အပြန်အလှန် ဆက်သွယ်မှုတွန်းအားပေးခြင်း၊ အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်ခြင်း၊ ဒီဂျစ်တယ်စီးပွားရေးနှင့် နောက်" Bogor Goals" မြင်ကွင်း စသည်တို့နဲ့ ပတ်သက်ပြီး၊ သဘောတူညီမှုများရရှိကာ၊ အရေးကြီးတက်ကြတဲ့ အောင်မြင်မှုရရှိခဲ့ တယ်လို့ စီအာအိုင်သတင်းအရသိရပါတယ်။

အာရုံစိုက်သင့်တာကတော့၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တင်ပြထား တဲ့"တံခါးဖွင့်မှု၊ တိုးတက်မှု၊ သက်ညှာထောက်ထားမှု၊ ဆန်းသစ်တီထွင်မှုနှင့် စည်းကမ်း ဥပဒေ" နဲ့ ကိုက်ညီသော ခံယူချက် ၅ ချက်ဟာ အစည်းအဝေး တက်ရောက်သူများရဲ့ ကျယ်ပြန့်တဲ့ အသိအမှတ်ပြုမှုများရရှိခဲ့ပါတယ်။ "တရုတ်နည်းလမ်း"ဟာ အနာဂတ်မှာ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး အတွက် တွန်းအား ၃ ရပ်ကို သွင်းပေးမယ်လို့ အများကယူဆကြပါတယ်။

အဲဒီ တွန်းအား ၃ ရပ်မှ ပထမဦးဆုံးက အာရှ-ပစိဖိတ်ရဲ့ အနာဂတ်ဟာ တံခါးဖွင့်မှု အပေါ်မှာ မူတည်ခြင်းဖြစ်တယ်။ ဒုတိယအချက်ကတော့ အာရှ-ပစိဖိတ်ပူးပေါင်း ဆောင်ရွက်ရေးရဲ့ သော့ချက်ဟာ ဆန်းသစ်တီထွင်ခြင်းအပေါ်မှာ မူတည်ခြင်းဖြစ်တယ်။ တတိယအချက်ကတော့၊ အာရှ-ပစိဖိတ်ဖွံ့ဖြိုးရေးဟာ သက်ညှာထောက်ထားမှု လိုအပ်ခြင်း ဖြစ်တယ်။

အေပက်အဖွဲ့ ပါပူဝါနယူးဂီနီထိပ်သီးများအလွတ်သဘောအစည်းအဝေးကို ကျင်းပ ပြီးစီးခဲ့ပြီး၊ အာရှ- ပစိဖိတ်ဖွံ့ဖြိုးရေးသင်္ဘောကြီးက ထပ်မံထွက်ခွာသွားမယ်။ နောက်" Bogor Goals" မြင်ကွင်းရေးဆွဲချမှတ်ခြင်းဟာ နောက်တစ်ခုရည်မှန်းချက် ပန်းတိုင် ဖြစ်ပါတယ်။ ဒါအတွက် တရုတ်ပြည်အနေနဲ့၊ အဆင့်အတန်းမြင့်မားတဲ့ လွတ်လပ်သော ကုန်သွယ်ရေးဇုန်၊ ဘက်စုံအပြန်အလှန်ဆက်သွယ်မှုနဲ့ သက်ညှာထောက်ထားမှုရှိသော ဒီဂျစ်တယ်စီးပွားရေးတို့ကို စီးပွားကုန်သွယ်ရေးနယ်ပယ်ရဲ့ အဓိကအချက်အဖြစ်သတ်မှတ် ထားပြီး၊ အာရှ- ပစိဖိတ် အနာဂတ်ရေးအတွက် ကျားကန်ပေးသွားမယ်။

   Webradio