• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှပစိဖိတ်ဖွံ့ဖြိုးရေးလမ်းဆုံမှာ "တရုတ်အဆိုပြုချက် " လမ်းညွှန်ပေး

(GMT+08:00) 2018-11-17 18:21:19

ကျွန်နော်တို့က တစ်လှေတည်းမှာ ရှိနေကြပါတယ်လို့ ဒီလ ၁၇ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်ဟာ ဒီဝါကျနဲ့ ကံကြမ္မာအသိုက်အဝန်းကို တင်စားပြီး ၄င်းရဲ့ ပါပူဝါနယူးဂီနီ အေပက်စက်မှုကုန်သွယ်ရေးထိပ်သီးများအစည်းအဝေး မိန့်ခွန်းကို စတင်ခဲ့တယ်။ ဒီမိနစ် ၄၀ ကြာမိန့်ခွန်းထဲမှာ ဥက္ကဋ္ဌရှီကျင့်ဖိန်ဟာ "တစ်လှေတည်းစီးတစ်​​ရီးတည်းသွား ကောင်းမွန်သော အနာဂတ်ကို ဖန်တီးကြစို့" ခေါင်းစဉ်ဖြင့် ကမ္ဘာ့အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီး တံခါးဖွင့်ရေး၊ ဖွံ့ဖြိုးရေး၊ သက်ညှာထောက်ထားရေး၊ ဆန်းသစ်တီထွင်ရေး၊ စည်းမျဉ်းစည်းကမ်းတို့ဖြင့် လမ်းညွှန်တဲ့ အကြံပြုချက် ၅ ချက်ကို တင်ပြကာ အာရှပစိဖိတ် စီးပွားရေးအုပ်စုများအတွက် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးရေးဦးတည်ချက် ဘယ်လိုကိုင်တွယ်မလဲ၊ ထိရောက်တဲ့ ကမ္ဘာ့ စီမံအုပ်ချုပ်ရေးအတွေးအခေါ်ကို ရှာကြံခဲ့ရန် "တရုတ်အဆိုပြုချက်"ကို ပံ့ပိုးပေးခဲ့တယ်။

ဒါဟာ ဒီနေ့ အကောင်းဆုံးသော မိန့်ခွန်းဖြစ်ပြီး နိုင်ငံအားလုံးဟာ အတူပူးပေါင်းဆောင် ရွက်ပြီး အောင်မြင်ခြင်းအတူ ရရှိသင့်တယ်လို့ ကျွန်နော်ခံယူကြောင်း ပါပူဝါနယူးဂီနီငွေရေးကြေးရေးအုပ်စု ဒါရိုက်တာချုပ်အန်ဒီဟာ ဥက္ကဋ္ဌရှီကျင့်ဖိန်ရဲ့မိန့်ခွန်းကို ကြားနာပြီး ထိုသို့ပြောကြားပါတယ်။ နိုင်ငံအားလုံးက ပြည်သူများကို ကောင်းမွန်တဲ့ နေထိုင်မှုရှိစေတယ် ဆိုတဲ့ ဥက္ကဋ္ဌရှီပြောမိတဲ့ ဒီတစ်ချက်ဟာ ကျွန်နော့်အတွက် မမေ့နိုင်စရာတစ်ခုပါပဲလို့ ပါပူဝါနယူးဂီနီ တောင်ပစိဖိတ်ပို့စ်ထ် သတင်းစာက သတင်းထောက် ရိုဘယ်ထ် အာဖာလာက ထိုသို့ဝေဖန်ပြောဆိုခဲ့တယ်။ဥက္ကဋ္ဌရှီရဲ့မိန့်ခွန်းဟာ အစည်းအဝေးတက် ရောက်သူများရဲ့ရင်ဖွင့်သံကို ဖေါ်ပြပြီး အာရှပစိဖိတ်စီးပွားရေးအုပ်စုအသီးသီးတို့ရဲ့ တူညီတဲ့ မျှော်မှန်းချက်နဲ့ကိုက်ညီသလို အာရှပစိဖိတ်ပြည်သူများရဲ့ တူညီတဲ့အကျိုးစီးပွားနဲ့ လည်း ကိုက်ညီပါတယ်။

၂၀၁၃ခုနှစ် အေပက်ပါလီကျွန်းအစည်းအဝေးမှာ အာရှပစိဖိတ်ကံကြမ္မာအသိုက် အဝန်းတည်ထောင်တဲ့ လမ်းစဉ်မြေပုံကို တင်ပြတာကနေ ၂၀၁၄ခုနှစ်က အေပက်ဘေကျင်းအစည်းအဝေးမှာ အာရှပစိဖိတ်အိပ်မက်အကောင်အထည်ဖေါ်ဖို့ ကမကထပြုခဲ့တာအထိ နောက်ပြီးတော့ ဒီတစ်ကြိမ်အစည်းအဝေးကအဓိကမိန့်ခွန်းထဲမှာ တံခါးဖွင့်၊ ဖွံ့ဖြိုးရေး၊ သက်ညှာထောက်ထားရေး၊ ဆန်းသစ်တီထွင်ရေး၊ စည်းမျဉ်းစည်းကမ်း စတဲ့သော့ချက်ကျစကားလုံးဟာ အာရှပစိဖိတ်ဖွံ့ဖြိုးရေးအတွက် လမ်းညွှန်ပေးပြီး ဥက္ကဋ္ဌရှီကျင့်ဖိန်အနေနဲ့ အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်မှုရဲ့အနာဂတ်အပေါ် ကြည်လင်တဲ့ သိရှိနားလည်မှုနဲ့ ကိုင်တွယ်မှု ရှိမြဲရှိနေပါတယ်။

လက်ရှိအချိန်မှာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၊ တစ်ဖက်သတ်ဝါဒတို့ဟာ တစ်ကမ္ဘာလုံးစီးပွားရေးအတွက် မတည်ငြိမ်မှု ဖြစ်စေခဲ့ပေမယ့် စီးပွားရေးဂလိုဘယ်လိုင်ဇီးရှင်းဟာ ရှေ့သို့ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေဆဲဖြစ်တယ်။ ဒီအခြေအနေမှာ ပါပူဝါနယူးဂီနီ အေပက်စက်မှုကုန်သွယ်ရေးအကြံဥာဏ်ပေးရေးကောင်စီ အလှည့်ကျသဘာပတိ ဒယ်ဗီဒ် တူဝါက ဥက္ကဋ္ဌရှီကျင့်ဖိန်ရဲ့မိန့်ခွန်းဟာ စီးပွားရေးအုပ်စုအသီးသီးတို့ရဲ့ သဘောတူညီချက်ကို ပြဆိုနေတယ်လို့ ယူဆကြောင်း ပြောကြားပါတယ်။

   Webradio