• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နဲ့ သြစတြေးလျ ဆက်ဆံမှု မှန်မှန် တိုးတက်နိုင်မနိုင် ဆိုတာ သြစတြေးဘက်ပဲ ဆုံးဖြတ်

(GMT+08:00) 2018-11-17 12:29:08

မကြာခင်က အာဆီယံ ထိပ်သီး အစည်းအဝေးများ ကျင်းပစဉ် အတောအတွင်း သြစတြေးလျ ဝန်ကြီးချုပ် မော်ရီစွန်ဟာ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်နဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့တယ်။ အဲဒါဟာ နှစ်နိုင်ငံ ဆက်ဆံမှု ကွေ့ကောက်မှုများ ပေါ်ထွက်ရာမှာ ပြောင်းလဲတဲ့ အချက်မှာ တွေ့ဆုံခြင်း တစ်ရပ် ဖြစ်တယ်လို့ အများတကာ ယူဆကြပါတယ်။

အခု လောလောဆယ်မှာ တရုတ်နဲ့ သြစတြေးလျ အကြား မှန်ကန်တဲ့ ဆက်ဆံမှုနဲ့ ပတ်သက်ပြီး၊ သြစတြေးလျ အနေနဲ့ တရုတ်ပြည်မှ သဘောထား ကောင်းမွန်တဲ့ အချက်ပြချက်များကို တန်ဖိုးထားရမှာ ဖြစ်ကြောင်း၊ ယာယီ တိုတောင်းတဲ့ ရည်မှန်းချက်နဲ့ ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှု ရရှိဖို့အတွက် နှစ်နိုင်ငံ ဆက်ဆံမှုကို ကျဉ်းမြောင်းတဲ့ အာမြင်အရ သဘေားထားခြင်း မဟုတ်ဘဲ၊ ရေရှည် တည်ငြိမ်သော နှစ်ဖက် ဆက်ဆံမှုအတွက် တကယ်စင်စစ် လက်တွေ့ကျ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း သုံးသပ် ဖေါ်ပြကြပါတယ်။

ကျွမ်းကျင်ပညာရှင်များက၊ သြစတြေးလျက သံတမန်ရေး ရှုထောင့်အရ မဟုတ်ဘဲ လုံခြုံရေး ရှုထောင့် အရသာ တရုတ်ပြည်နဲ့ ဆက်ဆံမှုကို သဘောထားပါက မယုံသင်္ကာမှုနဲ့ စိုးရိမ်မှုများ ပေါ်ထွက်တတ်ပြီး တရုတ်ပြည်နဲ့ ဆက်ဆံမှုအပေါ် မှန်ကန်စွာ နားလည်သိရှိခြင်းကို ထိခိုက်နိုင်မှာ ဖြစ်ကြောင်း၊ အဲဒါတွေထဲမှာ တရုတ်၊ သြစတြေးလျနဲ့ တောင်ပစိဖိတ်ကျွန်းနိုင်ငံများ ဆက်ဆံမှုဟာ စံတင်လောက်တဲ့ ဥပဒေ တစ်ခုပဲ ဖြစ်ကြောင်း၊ တကယ်လို့ သြစတြေးလျက စစ်အေးကာလ အတွေးအခေါ်ကို စွဲကိုင်ပြီး တောင်ပစိဖိတ်ဒေသဟာ ကိုယ် လွှမ်မိုးရာနယ် ဒါမှမဟုတ်ရင် ကိုယ့် သြဇာညောင်းနေရာ အဖြစ် ထင်မှတ်ပါက၊ တရုတ်ပြည်ရဲ့ တောင်ပစိဖိတ်ကျွန်း ဒေသမှာ ရင်းနှီးမြှုပ်နှံမှု အပေါ် စိုးရိမ်မှုများ ပေါ်ထွက်တတ်ကြောင်း၊ ပြောင်းပြန်ပြီး၊ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု ရှုထောင့်အရ ကြည့်ပါက၊ အဲဒါဟာ တရုတ်နဲ့ သြစတြေးလျ အတွက် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်း တစ်ရပ် ဖြစ်ပြီး တရုတ်နဲ့ သြစတြေးလျ အပါအဝင် သက်ဆိုင်ရာ နိုင်ငံ အားလုံး အနေနဲ့ ဖွံ့ဖြိုးရေးနဲ့ ထောက်ပံ့ကူညီရေး လုပ်ငန်းစဉ်များမှာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း သုံးသပ်ထားကြပါတယ်။

   Webradio