• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် သြစတြေးလျ ဝန်ကြီးချုပ် မော်ရီစင်နှင့် ဆဌမ အကြိမ် နှစ်ဖက် ဝန်ကြီးချုပ်များ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

(GMT+08:00) 2018-11-15 15:43:43

ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့ညက တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် စင်ကာပူ၌ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးများသို့ တက်ရောက်စဉ် အတောအတွင်း၊ သြစတြေးလျ ဝန်ကြီးချုပ် မော်ရီစင်နှင့် ဆဌမ အကြိမ် နှစ်ဖက် ဝန်ကြီးချုပ်များ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။

လီခေ့ချန်က၊ တရုတ်နှင့် သြစတြေးလျ နှစ်နိုင်ငံတို့သည် တစ်ဦးက တစ်ဦး၏ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ကြောင်း၊ နှစ်ဖက်အကြား အကျိုး တူညီမှုသည် သဘောကွဲလွဲမှုထက် များစွာ ပိုများပြီး ပူးပေါင်းဆောင်ရွက်မှုသည် မှန်ကန်သော ရွေးချယ်ခြင်း ဖြစ်ကြောင်းပြောကြားပါသည်။

လီခေ့ချန်က၊ တရုတ်နှင့် သြစတြေးလျ နှစ်နိုင်ငံတို့သည် တစ်ဦးက တစ်ဦး၏ အခွင့်အလမ်း ဖြစ်သည်ဟု နှစ်ဖက် ဆက်ဆံမှု တိုးတက်ရေး အဖြစ်မှန်များက ပြသနေကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံစုံ နယ်ပယ်များ၌ သြစတြေးလျနှင့် ကူလူးဆက်ဆံမှုနှင့် ညှိနှိုင်းမှုကို အားဖြည့် ဆောင်ရွက်ပြီး၊ နိုင်ငံစုံဝါဒနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို လက်တွဲ ထောက်ခံကာ၊ စည်းမျဉ်းစည်းကမ်းများကို အခြေခံ အဖြစ်ထားသော နိုင်ငံတကာ စည်းစနစ်ကို ထိန်းသိမ်းလိုပါကြောင်း ပြောကြားပါသည်။

မော်ရီစင်ကလည်း၊ တရုတ်ပြည်၏ စည်ပင်သာယာရေးသည် ဒေသတွင်း၌ အပြုသဘော ဆောင်သော အကျိုးသက်ရောက်မှု ရှိပြီး သြစတြေးလျ အပါအဝင် နိုင်ငံ အသီးသီးတို့သည် အကျိုးစီးပွါး ခံစားစေရကြောင်း၊ သြစတြေးလျနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားပြီး တရုတ်နိုင်ငံနှင့် ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို တွန်းအား ပေးလိုကြောင်း၊ စီးပွါးကုန်သွယ်ရေး၊ ဆန်းသစ်တီထွင်ရေး၊ သတ္ထု၊ ခရီးသွား၊ စွမ်းအင် စသည့် နယ်ပယ်များတွင် တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။

   Webradio