• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် စင်ကာပူ သမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2018-11-15 08:44:23

ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် စင်ကာပူ သမ္မတရုံး၌ စင်ကာပူ သမ္မတ ဟာလီမာနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် လီခေ့ချန်က၊ တရုတ်-စင်ကာပူ နှစ်နိုင်ငံ ဆက်ဆံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုသည် နက်ရှိုင်းသော အရပ်ဘက် အခြေခံ ရှိပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းမွန် ပါကြောင်း၊ စင်ကာပူ နိုင်ငံသည် တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ဖြစ်စဉ်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး နှစ်ဖက်စလုံး အကျိုးစီးပွါး ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ခေတ်သစ်တွင် နှစ်နိုင်ငံ ဆက်ဆံမှု တစ်ဆင့်တိုး တိုးတက်သွားရန် စင်ကာပူနှင့် လက်တွဲ တွန်းအား ပေးလိုပါကြောင်း ပြောကြားပါသည်။

လီခေ့ချန်က၊ ယခုနှစ်သည် တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၁၅ နှစ်ပြည့် ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ ဆက်ဆံမှု အဆက်မပြတ် တိုးတက်သွားရန် စင်ကာပူနှင့် လက်တွဲ ကြိုးပမ်း လိုကြောင်း ပြောကြားပါသည်။

သမ္မတ ဟာလီမာကလည်း၊ ဝန်ကြီးချုပ် လီခေ့ချန်၏ ယခုအကြိမ် ခရီးစဉ်အတွင်း နှစ်ဖက်တို့သည် လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ် အဆင့်မြှင့်တင်ရေး အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ၁၀ ရပ်ကို ချုပ်ဆိုပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် ပလက်ဖေါင်းကို ဖန်တီးပေးကြောင်း ပြောကြားပါသည်။

   Webradio