• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် စင်ကာပူ Tessa ဇီဝဆေးဝါးနည်းပညာကုမ္ပဏီသို့ ခရီးလှည့်လည်

(GMT+08:00) 2018-11-14 12:00:46
ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၃ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် စင်ကာပူ Tessa ဇီဝဆေးဝါး နည်းပညာကုမ္ပဏီသို့ ခရီးလှည့်လည်ခဲ့ကြောင်း၊ စင်ကာပူ ဘဏ္ဍာရေးဝန်ကြီး ဟိန်ဆွေခင်လိုက်ပါနေကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဤကုမ္ပဏီသည် တရုတ်ပြည်နှင့် ပူးပေါင်းပြီး ရောဂါကုသရေး စမ်းသပ်ခန်း တည်ဆောက်ကာ တစ်ကမ္ဘာလုံးမှ ရောဂါသည်များအား ၀န်ဆောင်မှုပေးရန် ဆန္ဒရှိကြောင်းကို သိရပြီးနောက် လီခေ့ချန်က တရုတ်၊စင်ကာပူနှစ်နိုင်ငံ သက်ဆိုင်ရာနယ်ပယ်မှ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းသည် ပိုမိုများပြားသော ရောဂါသည်များနှင့် ၄င်းတို့၏မိသားစုများအတွက် မျှော်လင့်ချက်ကို ဆောင်ကျဉ်းလာ နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည် သတင်းသိရပါသည်။

   Webradio