• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အေပက်အဖွဲ့ထိပ်သီးများအလွတ်သဘောအစည်းအဝေးသို့ ရှိကျင့်ဖိန်တက်ရောက်မည်ဖြစ် ခြင်း၊ ပါပူဝါနယူးဂီနီ၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် ရှီကျင့်ဖိန်၏ တရားဝင်ခရီးစဉ်များ နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ ကျင်းပ

(GMT+08:00) 2018-11-14 11:35:26

      တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည်၊ ယခုလ ၁၃ ရက်နေ့က ပြည်တွင်းပြည်ပ မီဒီယာများအတွက် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး ကျိန့်ဇယ်ကွမ်း၊ ခုန်ရွှမ်ယို့၊ ဝန်ကြီးလက်ထောက်ကျန်းကျွင်းနှင့် ကုန်သွယ်ရေး ဝန်ကြီး လီချိန်ကန်းတို့သည်၊ ၂၆ ကြိမ်မြောက် အေပက်အဖွဲ့ ထိပ်သီးများအလွတ်သဘော အစည်းအဝေးသို့ ဥက္ကဋ္ဌရှီကျင့်ဖိန် တက်ရောက်မည်ဖြစ်ခြင်း၊ ပါပူဝါနယူးဂီနီ၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင် နိုင်ငံများတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ တရားဝင်ခရီးစဉ်များနှင့် ပါပူဝါနယူးဂီနီ၌ တရုတ်နှင့် သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် ပစိဖိတ်သမုဒ္ဒရာ ကျွန်းဆွယ်နိုင်ငံများမှ ခေါင်းဆောင် တို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည့်အပြင်၊ ပြည်တွင်း ပြည်ပသတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြ သည်ဟု ဆင်ဟွာ သတင်းအရသိရသည်။

ကျိန့်ဇယ်ကွမ်းက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ နိုဝင်ဘလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပါပူဝါနယူးဂီနီနိုင်ငံတွင် တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ယခု အကြိမ် တောင်ပစိဖိတ်သမုဒ္ဒရာနိုင်ငံများခရီးစဉ်သည်၊ အရေးကြီးအဓိပ္ပါယ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ခုန်ရွှမ်ယို့က ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ကျန်းကျွင်းက ၂၆ ကြိမ်မြောက် အေပက်အဖွဲ့ ထိပ်သီးများအလွတ်သဘော အစည်း အဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပါပူဝါနယူးဂီနီနိုင်ငံ ပို့မော်ရက်ဘီ မြို့တော်၌ ကျင်းပမည်ဖြစ်ပြီး၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အစည်းအဝေးသို့ တက်ရောက် မည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio