• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမအကြိမ် တရုတ်-ကနေဒါ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာ ဆွေးနွေးပွဲ ပီကင်းတွင် ကျင်းပ

(GMT+08:00) 2018-11-13 13:47:33

      ပထမအကြိမ် တရုတ်-ကနေဒါ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာ ဆွေးနွေးပွဲကို ယခုလ ၁၂ ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံတော် ကောင်စီဝင် ဝမ်ယုံ၊ ကနေဒါ ဘဏ္ဍာရေးဝန်ကြီး မော်နိုနှင့် နိုင်ငံတကာကုန်သွယ်မှု ပလူရယ်လစ်ဇင်ဝန်ကြီး ကာလ်တို့သည်၊ ယင်းအစည်းအဝေးကို ပူးတွဲကြီးမှူးခဲ့ကြသည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဝမ်ယုံက ယခုနှစ်များအတွင်း တရုတ်-ကနေဒါဆက်ဆံမှုသည်၊ ကောင်းမွန်စွာ တိုးတက်လာခဲ့ပြီး၊ နှစ်နိုင်ငံစီးပွားကုန်ုသွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အောင်ကျိုး ရလဒ်များစွာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက်တို့သည်၊ မက်ကရို စီးပွားရေးအခြေအနေနှင့် ကမ္ဘာ့စီးပွားရေးစီမန်ခန့်ခွဲရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ စူးစမ်းလေ့လာခဲ့ကြသည်ဟု သတင်းရရှိသည်။

   Webradio