• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ဆင်းရဲသော ဒေသများ ကျန်းမာရေးလုပ်ငန်း စီမံကိန်းကို ထုတ်ပြန်

(GMT+08:00) 2018-11-13 10:22:22

တရုတ်နိုင်ငံသည် ဆင်းရဲသော ဒေသများ ကျန်းမာရေးလုပ်ငန်း တိုးတက်ရေး သုံးနှစ်တာ ဆောင်ရွက်ရေး စီမံကိန်းကို မကြာမီက ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရောက်သည့်အခါ ဆင်းရဲသောဒေသမှ နေထိုင်သူများအား ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများကို ဘက်စုံ ခံစားစေရမည်ဟု စီမံကိန်းတွင် ချမှတ်ထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုလ ၁၂ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံတော် ကျန်းမာရေး ကော်မတီ ပြောရေးဆိုခွင့် ရှိသူ စွန့်စုလိက၊ ယင်းစီမံကိန်းတွင်၊ တောရွာ၊ မိသားစု၊ စာသင်ကျောင်း စသည့် နေရာများတွင် ကျန်းမာရေးနှင့် ပညာရေး လုပ်ငန်းများ ထူထောင်ရေးနှင့် ကျွမ်းကျင်သူများ လေ့ကျင့်ပျိုးထောင်ရေးဆိုင်ရာ ဆောင်ရွက်မှုကြီး ငါးရပ်ကို တင်ပြထားကြောင်း ပြောကြားပါသည်။

   Webradio