• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံနှင့် တရုတ်နိုင်ငံသည် လွတ်လပ်စွာ ကုန်သွယ်ရေးကို လက်တွဲ တွန်းအား ပေးရမည်ဟု ဖိလစ်ပိုင် ဘဏ္ဍာရေး ဝန်ကြီး ဆို

(GMT+08:00) 2018-11-13 10:00:24

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် စင်ကာပူ၌ ခရီးလှည့်လည်နေပါသည်။ ဖိလစ်ပိုင် ဘဏ္ဍာရေး ဝန်ကြီး ဒိုမင်ဂွေဇ်က မကြာမီက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံ ရာတွင်၊ တရုတ်-အာဆီယံ ဆက်ဆံမှု၊ တရုတ်-ဖိလစ်ပိုင် ကုန်သွယ်မှုနှင့် Belt and Road စသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပါသည်။

ဒိုမင်ဂွေဇ်က၊ ယခုနှစ်သည် တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၁၅ နှစ်ပြည့် ဖြစ်ကြောင်း၊ အာဆီယံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်း သံတမန်ရေးတွင် ဦးစားပေးရာ ဖြစ်သလို တရုတ်နိုင်ငံသည် အာဆီယံနှင့် စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို လွန်စွာ အလေးထားကြောင်း၊ မျက်မှောက် ကာလ၌ နိုင်ငံတကာ လွတ်လပ်စွာ ကုန်သွယ်ရေးမှာ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေပြီး တရုတ်နှင့် အာဆီယံတို့သည် လွတ်လပ်စွာ ကုန်သွယ်ရေးကို လက်တွဲ တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio