• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး အထိမ်းအမှတ်ပြု ဟောင်ကောင်၊ မကာအို အလွှာပေါင်းစုံ ခရီးလှည့်လည်ရေးအဖွဲ့နှင့် တွေ့ဆုံ

(GMT+08:00) 2018-11-13 09:51:11

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ ရက်နေ့က ပီကင်းမြို့၌ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး အထိမ်းအမှတ်ပြု ဟောင်ကောင်၊ မကာအို အလွှာပေါင်းစုံ ပုဂ္ဂိုလ်များ ခရီးလှည့်လည်ရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ ခေတ်သစ် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ဖြစ်စဉ်တွင် ဟောင်ကောင်နှင့် မကာအိုတို့သည် ထူးခြားသော အဆင့်နေရာနှင့် အားသာချက် ရှိပြီး အစားထိုး၍မရသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း၊ ဟောင်ကောင်နှင့် မကာအို မွေးချင်း ပေါက်ဖေါ်များ အနေနှင့် ဖြူစင် ဖြောင့်မတ်သော တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်နှင့် ရဲရဲဝံ့ဝံ့ ရှေ့ဆောင် စူးစမ်းသော စိတ်ဓါတ်ဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်းတွင် ပါဝင် ဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

   Webradio