• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆိုမာလီမြို့တော်ကားဗုံးဖေါက်ခွဲမှုကြောင့် လူ၅၀သေဆုံး

(GMT+08:00) 2018-11-11 13:26:40

     ဆိုမာလီရဲဘက်မှ ၁၀ ရက်နေ့က ပြောကြားချက်အရ ဆိုမာလီမြို့တော်မိုဂါဒစ်ရှူးတွင် ၉ ရက်နေ့ညနေပိုင်းက ကားဗုံးဖေါက်ခွဲမှု ၃ ခု ဖြစ်ပွားသော ကြောင့် လူ၅၀ သေဆုံးပြီး ၅၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

   ဆိုမာလီအစွန်းရောက်အဖွဲ့ဖြစ်သည့် အယ်လ် ရှာဘားဘ်သည် ယင်းတိုက်ခိုက်မှု၃ခု ပြုလုပ်သည်ဟု ကြေညာသည်။ ကုလသမဂ္ဂ ဆိုမာလီကူညီထောက်ပံ့ရေးအဖွဲ့နှင့် အာဖရိက သမဂ္ဂ ဆိုမာလီအထူးစေလွှတ်ရေးအဖွဲ့တို့သည် ၉ ရက်နေ့ညနှင့် ၁၀ ရက်နေ့တွင် ကြေညာချက်ကို ထုတ်ပြန်ပြီး ယင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့သည်ဟု သိရသည်။

   Webradio