• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များသည် တရုတ်ပြည်၏ လူ့အခွင့်အရေး ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းကာကွယ်ရေးတွင် အောင်မြင်မှုများကို အတည်ပြု

(GMT+08:00) 2018-11-10 09:59:01

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ဒေသစံတော်ချိန် ယခုလ ၉ ရက်နေ့က ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့၌ အစည်းအဝေး ကျင်းပပြီး၊ တရုတ်နိုင်ငံက တတိယ အကြိမ် နိုင်ငံအလိုက် လူ့အခွင့်အရေး စိစစ်ရေး အစည်းအဝေးတွင် ပါဝင်ရန် အစီရင်ခံစာကို တညီတညွတ်တည်း အတည်ပြုခဲ့ပါသည်။

စိစစ်ဆွေးနွေးစဉ်အတွင်း နိုင်ငံ ၁၂၀ ကျော်မှ ကိုယ်စားလှယ်များသည် တရုတ်ပြည်၏ လူ့အခွင့်အရေး ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းကာကွယ်ရေးတွင် ရရှိသည့် ကြီးမားသော တိုးတက် အောင်မြင်မှုများကို အတည်ပြုပြီး၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော လူ့အခွင့်အရေး အတွေးအခေါ်နှင့် လက်တွေ့ကျ ဆောင်ရွက်မှုများကို ချီးကျူးခဲ့ကြကြောင်း၊ ထို့ပြင် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတကာ လူ့အခွင့်အရေး အတွက် အကျိုးပြု စွမ်းဆောင်ပေးသည်ဟုလည်း ဖေါ်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio