• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် တစ်ဆင့်တိုး ကောင်းမွန်လာအောင် ဆောင်ရွက်

(GMT+08:00) 2018-11-10 09:48:36

ယခုလ ၉ ရက်နေ့က ကျင်းပသော တရုတ် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် ဝန်ကြီးဌာန အချို့မှ အရာရှိများက၊ တရုတ်နိုင်ငံသည် ဈေးကွက်ဝင်ခွင့် စနစ် ပိုမို ချောင်လည်အောင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြား လုပ်ငန်းရှင်များ တရုတ်ပြည်၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အားပေး ထောက်ခံမည် ဖြစ်ကြောင်း၊ ကုန်သွယ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးကို ပိုမို နက်ရှိုင်းစွာ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ တရားမျှတသော ယှဉ်ပြိုင်ရေး ပတ်ဝန်းကျင်ကို ဖန်တီး ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။

ယခုနှစ် ပထမ ၉ လအတွင်း တရုတ်နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသော လုပ်ငန်း ကုမ္ပဏီသစ် ၄၅၉၂၂ ခု တိုးလာပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၉၅့ ၁ ရာခိုင်နှုန်း တိုးလာကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၉၇ ဘီလီယံ အသုံးပြုပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၆့ ၎ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။

   Webradio