• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် မြန်မာတို့သည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း လုပ်ငန်း မူဘောင် သဘောတူ စာချုပ် ချုပ်ဆို

(GMT+08:00) 2018-11-10 09:39:01

မြန်မာနိုင်ငံ ကျောက်ဖြူ အထူး စီးပွါးရေးဇုန် ရေနက်ဆိပ်ကမ်း လုပ်ငန်း မူဘောင် သဘောတူစာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို ယခုလ ၈ ရက်နေ့က နေပြည်တော်၌ ကျင်းပ ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံ အထူး စီးပွါးရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွါးရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်တို့ ရှေ့မှောက်၌၊ မြန်မာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ ကျောက်ဖြူ အထူးစီးပွါးရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်နှင့် တရုတ် ကျုံရှင့် ကုမ္ပဏီအုပ်စု ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ချန်ကျင့်မင်တို့သည် ယင်းစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio