• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ ကျူးဘားနိုင်ငံခေါင်းဆောင်သစ် ဒီအာဇ် ကာနယ်လ်နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-11-09 12:21:12

     တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၈ ရက်နေ့က ပီကင်းတွင် အလည် အပတ်ရောက်ရှိနေသည့် ကျူးဘားနိုင်ငံတော်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးများကွန်ဖရင့် ဥက္ကဋ္ဌ ဒီအာဇ် ကာနယ်လ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဦးနှစ်ဖက်တို့က တရုတ်- ကျူးဘား ချစ်ကြည်ရေးအစဉ်အလာဆက်လက်တိုးတက်စေရန် အဆက်မပြတ်တွန်းအားပေးလို ကြောင်း ဖော်ပြခဲ့ကြသည်ဟု စီအာအိုင်သတင်းအရသိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ရှီကျင့်ဖိန်က တရုတ်၊ ကျူးဘားနှစ်နိုင်ငံတို့သည်၊ ဆိုရှယ်လစ် ဝါဒကျင့်သုံးသည့် နိုင်ငံများဖြစ်ပြီး၊ မိတ်ဆွေကောင်း၊ ရဲဘော်ကောင်းနှင့် ညီအစ်ကိုကောင်း များလည်းဖြစ်ကြကြောင်း၊ နှစ်ဖက်တို့အကြား ချစ်ကြည်ရေးသည်၊ အချိန်နှင့် နိုင်ငံတကာ အခြေအနေပြောင်းလဲမှု၏ စမ်းသပ်မှုများကို ခံနိုင်ကြောင်း ပြောကြားခဲ့သည်။

 ဒီအာဇ် ကာနယ်လ်ကလည်း၊ ကျူးဘားပြည်သူများသည်၊ တရုတ်ပြည်သူများအပေါ် ချစ်ခင်ရင်းနှီးသော သံယောဇဉ်များ အစဉ်တစိုက်ရှိကြကြောင်း၊ ကျူးဘား၏ တရားမျှတ သော အရေးတော်ပုံကို တရုတ်ပြည်မှ အစဉ်တစိုက်အားပေးထောက်ခံ့ခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio