• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ်ရေးရာ အပေါ် ဖိလစ်ပိုင်၏ အပြုသဘောဆောင်သော တိုင်ပင်ဆွေးနွေးရန် သဘောထားကို တရုတ်နိုင်ငံ ချီးကျူးသည်ဟု ဟွာချွင်ယဉ် ဆို

(GMT+08:00) 2018-11-09 10:01:19

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ တောင်ပင်လယ် ရေးရာ အပေါ် ဖိလစ်ပိုင်နိုင်ငံ၏ တက်ကြွသည့် အပြုသဘော ဆောင်သော တိုင်ပင်ဆွေးနွေးပွဲ ပြုလုပ်ရန် သဘောထားကို တရုတ်နိုင်ငံက ချီးကျူးပါကြောင်း ယခုလ ၈ ရက်နေ့က ပီကင်း၌ ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ဟွာချွင်ယဉ်က၊ တောင်ပင်လယ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ခြင်းသည် ဒေသတွင်း နိုင်ငံများ၏ တူညီသော အကျိုးစီးပွါးနှင့် ကိုက်ညီပြီး ယင်းသည် ဒေသတွင်း နိုင်ငံများ၏ တူညီသော ဆန္ဒနှင့် တာဝန်ဝတ္တရား ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဖိလစ်ပိုင် အပါအဝင် အာဆီယံနိုင်ငံများနှင့်အတူ တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ရေးမူ ဆိုင်ရာ တိုင်ပင်ဆွေးနွေးပွဲနှင့် ပင်လယ်ပြင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တက်ကြွစွာ တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio