• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယအကြိမ် တရုတ်-အမေရိကန် နိုင်ငံခြားရေးနှင့် လုံခြုံရေး ဆွေးနွေးပွဲ ကျင်းပမည်

(GMT+08:00) 2018-11-07 15:27:42

တရုတ်နှင့် အမေရိကန် နှစ်ဖက်အကြား ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခြင်းဖြင့် ဒုတိယအကြိမ် တရုတ်-အမေရိကန် နိုင်ငံခြားရေးနှင့် လုံခြုံရေး ဆွေးနွေးပွဲကို နိုဝင်ဘာလ ၉ရက်နေ့တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေးရာလုပ်ငန်း ကော်မတီရုံး ဥက္ကဋ္ဌ ယန်ကျေချီသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပေအို၊ နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး မာတိစ်တို့နှင့် အဆိုပါဆွေးနွေးပွဲကို ပူးတွဲ ကြီးမှူး ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန်ဟိုသည်လည်း တက်ရောက်မည်ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် တရုတ်-အမေရိကန် ဆက်ဆံရေး နှင့် အခြား အတူအာရုံစိုက်ကြသော အရေးကြီးကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ကြမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က နိုဝင်ဘာလ ၆ရက်နေ့က ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio