• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် နိုင်ငံတကာ စီးပွါးရေး ငွေကြေး ဌာနများမှ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-11-07 09:50:34

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၆ ရက်နေ့က ပီကင်းမြို့၌ နိုင်ငံတကာ အဓိက စီးပွါးရေးနှင့် ငွေကြေး လုပ်ငန်းဌာနများမှ တာဝန်ခံများနှင့် တတိယအကြိမ် ၁+၆ စားပွဲဝိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

အစည်းအဝေးတွင် လီခေ့ချန်က၊ တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့နှင့် အတူ နိုင်ငံစုံဝါဒကို ထောက်ခံပြီး လွတ်လပ်စွာ ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်း ကာကွယ်ကာ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်း နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအား ပေးလို ပါကြောင်း၊ တရုတ်နိုင်ငံသည် စီးပွါးရေး မှန်မှန် တိုးတက်ရေးနှင့် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးရေးကို ထိန်းသိမ်းနိုင်ရန် ထိရောက်သော ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio