• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ဘဏ် စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် စာရင်းဇယား ထုတ်ပြန်

(GMT+08:00) 2018-11-07 09:28:09

မကြာခင်က ကမ္ဘာ့ဘဏ်ဟာ ၂၀၁၉ ခုနှစ် စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် အစီရင်ခံစာကို ထုတ်ပြန်ခဲ့တယ်။ အဲဒီ အစီရင်ခံစာအရ၊ စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် စာရင်းဇယားပါ စီးပွါးရေးအုပ်စု ၁၉၀ ထဲမှာ၊ တရုတ်နိုင်ငံဟာ နှစ်နှစ် ဆက်တိုက် ၇၈ နေရာမှာ တည်ရှိခဲ့ရာကနေ အခု ၄၆ နေရာသို့ မြင့်တင်လာပြီး တစ်နှစ်အတွင်း မြင့်တင်မှု အမြန်ဆုံးသော စီးပွါးရေးအုပ်စု ဖြစ်လာပါတယ်။ တကယ်လို့ စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး ဆုကြီးကို ချီးမြှင့်လိုပါက တရုတ်နိုင်ငံက မလွဲမသွေ အဲဒီဆုကြီးကို ရရှိနိုင်မှာ မုချဧကန်ပါပဲ။

အထက်ပါ အစီရင်ခံစာကို ရေးသားပြုစုရေး တာဝန် ခံထားတဲ့ ကမ္ဘာ့ဘဏ် နိုင်ငံတကာ ကိန်းညွှန်းရေးရာ ဦးစီးဌာန အဆင့်မြင့်မန်နေဂျာ ရာမာဟိုက၊ ပြီးခဲ့တဲ့ ၁၆ နှစ်တာ ကာလ အတွင်း စာရင်းများနဲ့ နှိုင်းစာရင်၊ ပြီးခဲ့တဲ့နှစ် တစ်နှစ်အတွင်း တရုတ်နိုင်ငံက အသေးစားနဲ့ အလတ်စား လုပ်ငန်းကုမ္ပဏီများရဲ့ စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် ကောင်းမွန် စေဖို့ အတွက် ပြုလုပ်တဲ့ ပြုပြင်ပြောင်းလဲမှုပမာဏဟာ စံချန်သစ် တင်နိုင်ခဲ့ပြီး အရေးကြီး ပြုပြင်ပြောင်းလဲမှု စုစုပေါင်း ၇ ရပ် ရှိတယ်လို့ ပြောကြားပါတယ်။

ဒီနှစ်အတွင်း တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ အမျိုးမျိုးသော အစည်းအဝေးများမှာ တရုတ်ပြည်ရဲ့ စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် ပိုမို ကောင်းမွန် လာအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရမယ်လို့ အကြိမ်ကြိမ် အဖန်ဖန် အလေးအနက် ပြောကြားခဲ့ပါတယ်။ ဒီလ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ ပထမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲမှာ ရှီကျင့်ဖိန်ဟာ "ကမ္ဘာ့ ရှေ့ပြေး စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် ထူထောင်ရေး"ကို တရုတ်ပြည် တံခါးဖွင့်ရေးလုပ်ငန်း တိုးချဲ့ရေးဆိုင်ရာ အဓိက ရည်မှန်းချက်နဲ့ လုပ်ငန်းတာဝန် အဖြစ် ထားရှိပါတယ်။ ရှီကျင့်ဖိန်က၊ နိုင်ငံတကာ စီးပွါး ကုန်သွယ်ရေး ပတ်ဝန်းကျင်ကို လေးစားရမှာ ဖြစ်ကြောင်း၊ တရုတ်ပြည်မှာ မှတ်ပုံတင် လုပ်ငန်း ကုမ္ပဏီအားလုံးအပေါ် တန်းတူရည်တူ သဘောထားရမှာ ဖြစ်ကြောင်း၊ ပြစ်ဒဏ်ပေးတဲ့သဘော ဖြစ်တဲ့ လျော်ကြေးပေးရေးစနစ်ကို ကျင့်သုံးရမှာ ဖြစ်ကြောင်း၊ ပညာ မူပိုင်ခွင့် ကျူးကျော်ထိပါးမှုကို တင်းတင်းကျပ်ကျပ် အရေးယူရမှာ ဖြစ်ကြောင်းလည်း ပြောကြားပါတယ်။

အခုလောလောဆယ်မှာ တရုတ်အစိုးရ ဌာနများက တရုတ် အရပ်ဘက် စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှု အားပေးထောက်ခံရေးဆိုင်ရာ မူဝါဒနဲ့ ဆောင်ရွက်မှုများကို ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။ တံခါးဖွင့်ထားတဲ့၊ ဆန်းသစ်ပြီး သက်ညှာထောက်ထားတဲ့ စီးပွါး ကုန်သွယ်ရေး ပတ်ဝန်းကျင် တစ်ရပ်ဟာ တရုတ်ပြည်ရဲ့ အရည်ချင်း မြင့်မားတဲ့ တံခါးဖွင့် လုပ်ငန်းကို အထောက်အကူ ပေးနိုင်မှာ ဖြစ်ပါတယ်။

   Webradio