• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖုန်လိယွမ်သည် အမေရိကန် ဂိတ်ဆ် ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ ဂိတ်ဆ်နှင့် တွေ့ဆုံ

(GMT+08:00) 2018-11-07 08:43:32

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဇနီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တီဘီရောဂါနှင့် အေအိုင်ဒီ အက်စ်ရောဂါ ကုသ ကာကွယ်ရေး ဆိုင်ရာ မဟာဂရုဏာရှင် ဖုန်လိယွမ်သည် ယခုလ ၅ ရက်နေ့က ရှန်ဟိုင်းမြို့၌ အမေရိကန် ဂိတ်ဆ် ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ ဂိတ်ဆ်နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဖုန်လိယွမ်က၊ ဂိတ်ဆ် ရန်ပုံငွေအဖွဲ့သည် ဆင်းရဲမှု လျှော့ချရေးနှင့် ကျန်းမာရေး နယ်ပယ်တွင် များစွာ အကျိုးပြု စွမ်းဆောင်နေခဲ့ကြောင်း၊ တရုတ်ပြည် သက်ဆိုင်ရာ ဌာနများနှင့် ကောင်းမွန်သော ဆက်ဆံမှု ထိန်းသိမ်းပြီး အက်စ်ရောဂါ ကုသ ကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ဆင်းရဲသူများအား ထောက်ပံ့ကူညီရေး၊ နိုင်ငံတကာ ကျန်းမာရေး ဆိုင်ရာ စွမ်းအား တိုးမြှင့်ရေး စသည့်နယ်ပယ်များတွင် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နေကြောင်း ပြောကြားပါသည်။

ဂိတ်ဆ်ကလည်း၊ ဆင်းရဲမှု လျှော့ချရေး နယ်ပယ်တွင် တရုတ်ပြည် ရရှိသော ကြီးမားသည့် တိုးတက်အောင်မြင်မှုများနှင့် ကမ္ဘာ့ကျန်းမာရေး လုပ်ငန်း တိုးမြှင့်ရေး နယ်ပယ်တွင် ထူးချွန်သော အကျိုးပြုစွမ်းဆောင်မှုများကို ချီးကျူးခဲ့ပါသည်။

   Webradio