• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ချက်နိုင်ငံနှင့် မက္က​ဆီ​ကိုနိုင်​ငံခြားရေးဝန်ကြီးတို့နှင့်အသီးသီးတွေ့ဆုံ

(GMT+08:00) 2018-11-06 15:01:11

တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ ၅ ရက်နေ့က ရှန်ဟိုင်းမြို့တွင် ချက်နိုင်ငံခြားရေးဝန်ကြီး Petricek၊ မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး Marcelo Ebrad တို့နှင့်အသီးသီးတွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

Petricekနှင့်တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်-ချက်နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထားရှိသော နှစ် ၇၀ ပြည်နှစ်ရောက်တော့မည်ဖြစ်ပြီး တရုတ်နိုင်ငံသည် ချက်နိုင်ငံနှင့်လက်တွဲပြီးနှစ်နိုင်ငံခေါင်းဆောင်တို့၏သဘောတူညီမှုများကို လက်တွေ့ကျ ဖေါ်ဆောင်လိုကြောင်းပြောကြားခဲ့သည်။

Petricek က ချက်နိုင်ငံသည် Belt and Road၊ တရုတ်-အလယ်အရှေ့ဥရောပပူးပေါင်း ဆောင်ရွက်ရေးအတူတည်ဆောက်ရေးမူဘောင်အတွင်းနှစ်နိုင်ငံဘက်စုံပူးပေါင်း ဆောင်ရွက်ရေးကို နက်ရှိုင်းလာစေလိုကြောင်း ပြောကြားခဲ့သည်။

Marcelo Ebrad နှင့်တွေ့ဆုံရာတွင် ဝမ်ယိက ဥက္ကဥရှီကျင့်ဖိန်သည် သမ္မတ Lopes နှင့် မဟာဗျူဟာကူးလူးဆက်ဆံမှုအမြန်ဆုံးပြုလုပ်ပြီး တရုတ်- မက္ကဆီကို ဆက်ဆံရေး ပုံမှန်တည်ငြိမ်စွာတိုးတက်ရန်မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

Marcelo Ebrad က မက္ကဆီကိုအစိုးရသစ်သည် တရုတ်ဖွံ့ဖြိုးရေးအတွေ့အကြုံကို သင်ယူလေ့လာမည်ဖြစ်ပြီး Belt and Roadမူဘောင်အတွင်းပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio