• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပထမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြား

(GMT+08:00) 2018-11-05 10:05:04

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၅ ရက်နေ့က ရှန်ဟိုင်း မြို့၌ ကျင်းပသော ပထမ အကြိမ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး၊ ဆန်းသစ်ပြီး သက်ညှာထောက်ထားသော တံခါးဖွင့် ကမ္ဘာ့စီးပွါးရေးကို လက်တွဲ တည်ထောင်ကြခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် တရုတ်အစိုးရနှင့်ပြည်သူများ ကိုယ်စား၎င်း၊ မိမိကိုယ်တိုင် အနေနှင့်၎င်း၊ ကမ္ဘာ့နိုင်ငံနှင့်ဒေသ၊ နိုင်ငံတကာ အဖွဲ့အစည်း ၁၇၂ ခုမှ လုပ်ငန်းကုမ္ပဏီ ၃၆၀၀ ကျော်တို့အား လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း ပြောကြားပါသည်။

   Webradio