• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စတုတ္ထအကြိမ် တရုတ်-ရုရှား မီဒီယာ ဖိုရမ် ကျင်းပ

(GMT+08:00) 2018-11-05 09:24:13

စတုတ္ထ အကြိမ် တရုတ်-ရုရှား မီဒီယာ ဖိုရမ်ကို ယခုလ ၄ ရက်နေ့က တရုတ်ပြည် ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ ကော်မတီဝင်၊ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဟွမ်ခွင်းမင်နှင့် ရုရှား ပြည်ထောင်စု အစိုးရ ဒုဝန်ကြီးချုပ် အာကီမော့ဖှ်တို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဝန်ကြီး ဟွမ်ခွင်းမင်သည် ခေတ်သစ်တွင် တရုတ်-ရုရှား မီဒီယာ ပူးပေါင်း ဆောင်ရွက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ကြစို့ ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio