• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်-တရုတ်ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးစာချုပ်၏အဓိပ္ပါယ်ကို ဂျပန်ကက်ဘိနက်အတွင်း ရေးမှူးချုပ်က ချီးကျူး

(GMT+08:00) 2018-10-24 14:38:31

ဂျပန်နိုင်ငံကက်ဘိနက်အတွင်းဝန် ယိုရှီဟီဒေ ဆူဂါက ဂျပန်-တရုတ်ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသဘောတူစာချုပ်၏ အဓိပ္ပါယ်ကို လွန်စွာ ချီးကျူးပြီး ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအားဘေး ဆောင်ရွက်မည့် တရုတ်ခရီးစဉ်သည် ဂျပန်-တရုတ်ဆက်ဆံမှုတစ်ဆင့်တိုးဖွံ့ဖြိုးတိုးတက်ရန်အတွက် တွန်းအားပေးရန် မျှော်လင့်ကြောင်း ယခုလ၂၃ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအားဘေးသည် ယခုလ၂၅ရက်နေ့မှ ၂၇ရက်နေ့အထိ တရုတ်ပြည်တွင် တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio