• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

IRBMသဘောတူစာချုပ်မှ အမေရိကန် နှုတ်ထွက်ခြင်းသည် ကမ္ဘာ့အား အန္တရာယ်ဖြစ်စေမည်ဟု ရုရှား ဆို

(GMT+08:00) 2018-10-23 11:56:22

အမေရိကန်သည် ယခင်ဆိုဗီယက်နှင့်အမေရိကန် နှစ်နိုင်ငံ တာလတ်ပစ်ဒုံးကျည် နှင့် တာလတ်တာတိုပစ်ဒုံးကျည် ပပျေက်စေရေး သဘောတူစာချုပ်(IRBM)မှ နှုတ်ထွက်ပါက ကမ္ဘာ့အခြေအနေကို အန္တရာယ်ပိုမိုများပြားမှု ဖြစ်စေမည်ဖြစ်ကြောင်း၊ ထိုအချိန်ကျရာတွင် ကိုယ့်လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက်လည်းကောင်း၊ ၎င်းနယ်ပယ်တွင် ပြန်လည်ညီမျှစေရန်အတွက်လည်းကောင်း ရုရှားအနေနှင့် ဆောင်ရွက်ချက်များကို ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ရုရှားသမ္မတ၏သတင်းပြန်ကြားရေးအတွင်းဝန် ဖက်စကိုဖ်က အောက်တိုဘာလ ၂၂ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အမေရိကန်သမ္မတ၏ နိုင်ငံတော်လုံခြုံရေးရာ လက်ထောက် ဘိုလ်တန်သည် လက်ရှိအချိန်တွင် ရုရှားနိုင်ငံ၌ ခရီးလှည့်လည်နေကြောင်း၊ ရုရှားဖက်သည် IRBM သဘောတူစာချုပ်မှ အမေရိကန် နှုတ်ထွက်ခြင်းနှင့်ပတ်သက်၍ ဘိုလ်တန်နှင့် ညှိနှိုင်း ဆွေးနွေးမည်ဟု ဖက်စကိုဖ်က ပြောကြားခဲ့ပါသည်။

   Webradio