• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်မှ နိုင်ငံတကာ သွင်းကုန်ပြပွဲ ကျင်းပခြင်းသည် နိုင်ငံတကာ ကုန်သွယ်မှု တိုးမြှင့်ရေး အတွက် အရေးကြီးသည့် ဆောင်ရွက်ချက်ဖြစ်ဟု ဆွစ်ဇာလန် F. Hoffmann-La Roche ကော်မရေးရှင်းဆို

(GMT+08:00) 2018-10-22 14:38:37

ပထမဆုံးအကြိမ် တရုတ်ပြည် နိုင်ငံတကာ သွင်းကုန်ပြပွဲကို ရှန်ဟိုင်းမြို့တွင် ဖွင့်လှစ်တော့မည် ဖြစ်သည်။ နိုင်ငံတကာ လုပ်ငန်း ကုမ္ပဏီများစွာသည် ၄င်းပြပွဲတွင် ပါဝင်ရန် အတွက် တက်ကြွစွာ ပြင်ဆင်နေကြောင်း၊ နာမည်ကျော် ဆေးဝါးကုမ္ပဏီကြီး ဖြစ်သည့် ဆွစ်ဇာလန် နိုင်ငံ F. Hoffmann-La Roche ကော်ပိုရေးရှင်း အုပ်စု ဒါရိုက်တာများ အဖွဲ့ ဥက္ကဋ္ဌ ခရစ္စတိုဖာ ဖရန်ဇ်က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်ပြည်မှ နိုင်ငံတကာ သွင်းကုန်ပြပွဲ ကျင်းပခြင်းသည် နိုင်ငံတကာ ကုန်သွယ်မှု တိုးမြှင့်ရေး အတွက် အရေးကြီးသည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ မိမိတို့ ကော်ပိုရေးရှင်း အုပ်စုသည် ၄င်းပြပွဲ အပေါ် အလွန် အလေးထားကြောင်း၊ ငှါးရမ်းသည့် ပြခန်းနေရာ၏ ဧရိယာ အကျယ်အဝန်းသည် ပြခန်းနေရာများတွင် အကြီးဆုံး ဖြစ်ကြောင်း၊ မိမိသည် ရှန်ဟိုင်းသို့ ရောက်ရှိပြီး ၄င်းပြပွဲသို့ ကိုယ်တိုင်တက်ရောက်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၄င်းက လက်ရှိအချိန်တွင် ကမ္ဘာ့ ကုန်သွယ်မှု ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဦးမော့လာနေသည့် အခြေအနေမျိုး၌ နိုင်ငံ အသီးသီးမှ လုပ်ငန်းကုမ္ပဏီ ၂၈၀၀ကျော်သည် ၄င်းပြပွဲတွင် ပါဝင်မည် ဖြစ်ကြောင်း၊ ယင်းပြပွဲသည် ဆွစ်ဇာလန် လုပ်ငန်း ကုမ္ပဏီများ အတွက်ရော၊ ကမ္ဘာပေါ်က ဆေးဝါးကုမ္ပဏီများ အတွက်ရော၊ မိမိကော်ပိုရေးရှင်း အုပ်စုအတွက်ပါ အလွန်အရေးကြီးသည့် ပြပွဲဖြစ်ကြောင်း၊ ကမ္ဘာပေါ်က ဒေသအချို့တွင် ကုန်သွယ်မှု ဆိုင်ရာ အဟန့်အတားများကို ပပျောက်စေခြင်း မရှိဘဲ တိုးမြှင့်ခြင်းရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ ကုန်သွယ်မှု အပေါ် အလေးထားခြင်းသည် ကမ္ဘာဖွံ့ဖြိုးတိုးတက်မှု အတွက် အလွန် အရေးကြီးကြောင်း ပြောကြားသည်။

   Webradio