• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်ဝမ်မှ မီးရထားဘီးချော်မှုကြောင့် လူ ၁၈ ဦးသေဆုံး ၁၆၄ ဦး ဒဏ်ရာရရှိ

(GMT+08:00) 2018-10-22 11:54:25

        တရုတ်ပြည် ထိုင်ဝမ်ပြည်နယ် ယီလန်ခရိုင် အစိုးရက ယခုလ ၂၁ ရက်နေ့ညက ထုတ်ပြန်သော သတင်းအရ ဒေသစံတော်ချိန် ယခုလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက Puyuma Express ၆၄၃၂ မီးရထားသည် ဘီးချော်ထွက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၈ဦး သေဆုံးပြီး ၁၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုင်ဝမ်မီးရထားဌာနမှသတင်းအရ အဆိုပါမီးရထားမှ ရထားတွဲ ၈ တွဲစလုံး ဘီးချော်ထွက်သွားပြီး ၄င်းအနက် ရထားတွဲ ၄ တွဲ ပြိုကျခဲ့ကြောင်း၊ ယင်းရထားပေါ်တွင် ခရီးသည် ၃၆၆ ဦး တင်ဆောင်ထားပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ပေးနေပြီဖြစ်ကြောင်း သိရပါသည်။

   Webradio