• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားနိုင်ငံနှင့်ချုပ်ဆိုထားသည့် IRBM သဘောတူစာချုပ်မှ ကန် နှုတ်ထွက် မည်ဟု ထရမ့် ဆို

(GMT+08:00) 2018-10-22 11:32:54

      ယခုလ ၂၀ရက်နေ့က အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က၊ အမေရိကန် အနေနှင့်၊ IRBM နျူကလီးယား သဘောတူစာချုပ်မှ နှုတ်ထွက်မည်ဟု ပြောဆိုသည့်အပြင်၊ ယင်းသဘောတူစာချုပ်ကို  ရုရားနိုင်ငံမှ ကြာရှည်စွာ ဖောက်ဖျက်ခဲ့ခြင်းအပေါ် ပြစ်တင် ရှုတ်ချခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်၌ ပြုလုပ်သည့် လူထုစုစည်းပွဲတစ်ရပ်သို့ တက်ရောက်ပြီး၊ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထရမ့်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ထရမ့်က၊ မိမိတို့ အနေ့နှင့် ယင်းစာချုပ်မှ ပိတ်ပင်ထားသော လက်နက်များကို မဖြစ်မနေထုတ်လုပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

IRBM သဘောတူစာချုပ်ကို ၁၉၈၇ခုနှစ် ဒီဇင်ဘာ ၈ရက်က ယခင်ဆိုဗီယက်နှင့် အမေရိကန်နိုင်ငံခေါင်းဆောင်တို့လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

   Webradio