• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပဉ္စမအကြိမ် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တိုးချဲ့ အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-10-21 15:54:46

      ပဉ္စမအကြိမ် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တိုးချဲ့ အစည်းအဝေးကို ယခုလ ၂၀ရက်နေ့က စင်ကာပူတွင် ကျင်းပခဲ့ကြောင်း၊ တရုတ် ကာကွယ်ရေး ဝန်ကြီး ဝေဖုန့်ဟိုသည် အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းအစည်းအဝေးတွင် "လက်တွေ့ကျသော ယုံကြည်မှု ဆောင်ရွက်ချက် တည်ဆောက်ရေး ဆိုင်ရာ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တိုးချဲ့ အစည်းအဝေး၏ ပူးတွဲ ကြေညာချက်"နှင့် " အကြမ်းဖက် ခြိမ်းခြောက်မှု ဆန့်ကျင်ရေး ဆိုင်ရာ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တိုးချဲ့ အစည်းအဝေး၏ ပူးတွဲ ကြေညာချက်"ကို အတည်ပြု ပြဌာန်းခဲ့ကြောင်း သိရသည်။

   Webradio