• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဗဟို မီဒီယာအုပ်စုနှင့် ရှန်ဟိုင်းမြို့ အစိုးရတို့ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှု ဇောက်ချ ပြုလုပ်ရေး မူဘောင် သဘောတူစာချုပ် ချုပ်ဆို

(GMT+08:00) 2018-10-09 09:30:39

ယခုလ ၈ ရက်နေ့တွင် တရုတ် ဗဟို မီဒီယာအုပ်စုနှင့် ရှန်ဟိုင်းမြို့ ပြည်သူ့ အစိုးရတို့သည် မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှု ဇောက်ချ ပြုလုပ်ရေး မူဘောင် သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း၊ ဗဟို မီဒီယာ အုပ်စုမှ ပထမဆုံး ဒေသဆိုင်ရာ ဌာနချုပ်ရုံးနှင့် ဒေသန္တရ ဌာနချုပ်ရုံး ဖြစ်သည့် ယန်စီမြစ် မြစ်ဝါကျွန်းပေါ်ဒေသ ဌာနချုပ်ရုံးနှင့် ရှန်ဟိုင်း ဌာနချုပ်ရုံး ဆိုင်းဘုတ်တင် အခမ်းအနားကိုလည်း တစ်ချိန်တည်း၌ ရှန်ဟိုင်းမြို့၌ ပြုလုပ်ခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ရှန်ဟိုင်းမြို့ အစိုးရ ပါတီကော်မတီ အတွင်းရေးမှူး လီချန်သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ ဗဟို မီဒီယာ အုပ်စု ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံနှင့် ရှန်ဟိုင်းမြို့ အစိုးရ ပါတီ ကော်မတီ ဒုအတွင်းရေးမှူး၊ မြို့တော်ဝန် ယင်ယုံတို့သည်လည်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

အခမ်းအနားတွင်၊ လီချန်က၊ ရှန်ဟိုင်းနှင့် ဗဟိုမီဒီယာအုပ်စု ပူးပေါင်းဆောင်ရွက်ရေး အလားအလာ ကောင်းမွန်ပါကြောင်း၊ မီဒီယာအုပ်စုကို အမျိုးအစားသစ် ကမ္ဘာ့ရှေ့ပြေး ပင်မ မီဒီယာ ဖြစ်လာအောင် အားပေးထောက်ခံမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှင့်ဟိုင်ရှုံက၊ စက်တင်ဘာလ ၂၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဗဟိုရုပ်မြင်သံကြားဌာနနှင့် တရုတ်ပြည် ရုပ်မြင်သံကြားလုပ်ငန်း တည်ထောင်ခဲ့သည့် နှစ် ၆၀ ပြည့် အခမ်းအနားသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ပြီး မီဒီယာ အုပ်စု၏ အနာဂတ်လုပ်ငန်းဆိုင်ရာ မျှော်လင့်ချက်များကို တင်ပြခဲ့ကြောင်း၊ မီဒီယာ အုပ်စု အနေနှင့် အားကောင်းသော ဦးဆောင် စွမ်းအား၊ မီဒီယာ ထုတ်လွှင့်စွမ်းအားနှင့် သြဇာညောင်းမှု ရှိသည့် အမျိုးအစားသစ် ကမ္ဘာ့ရှေ့ပြေး ပင်မ မီဒီယာ ဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက် နေကြောင်း ပြောကြားပါသည်။

အထက်ပါ သဘောတူစာချုပ်အရ၊ နှစ်ဖက်တို့သည် အရေးကြီး ယဉ်ကျေးမှု လုပ်ငန်းစဉ်များ၊ ယန်စီမြစ် မြစ်ဝကျွန်းပေါ်ဒေသအား ဝန်ဆောင်မှု ပေးခြင်း၊ မူပိုင်ခွင့်ရေးရာ၊ High-definition လုပ်ငန်း၊ အားကစားလုပ်ငန်း၊ ရုပ်ရှင် ရုပ်မြင်သံကြားကား ဘာသာပြန်၊ ရုပ်သံနည်းပညာ စသည့်နယ်ပယ်များတွင် ဘက်စုံ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။

   Webradio