• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် ဒုသမ္မတရဲ့"မိန့်ခွန်း" အပေါ် ထိုင်ဝမ် အစီအစဉ် ဦးစီးသူ ပြည်မကြီး အတွက် ဝေဖန် ပြောဆို

(GMT+08:00) 2018-10-08 10:04:36

ဒီလ ၇ ရက်နေ့က ထိုင်ဝမ် တရုတ် တိုင်းမ်စ် သတင်းစာမှာ ထိုင်ဝမ် အစီအစဉ် ဦးစီးသူ ဟွမ်ကြည့်ရှန်ရဲ့ ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ပြီး ဆောင်းပါးရဲ့ ခေါင်းစဉ်ဟာ "အမေရိကန် ဒုသမ္မတ ပင်စ်အား တုံ့ပြန် ပြောဆိုခြင်း" ဖြစ်ပါတယ်။ ဆောင်းပါးမှာ အောက်ပါ အတိုင်း ရေးသားထားပါတယ်။

အဆွေတော် ဒုသမ္မတ အနေနဲ့ အမေရိကန် တာလတ်အချိန်ပိုင်း ရွေးကောက်ပွဲ ကျင်းပတော့မယ့် အချိန်အခါမှာ အဖြစ်မှန်ကို လျစ်လျူရှုပြီး တရုတ်ပြည်အား ပြစ်တင် ဝေဖန်၊ အသရေ ဖျက် ပြောဆိုခြင်း အပေါ် မိမိတို့ ဝမ်းနည်းမိပါတယ်။

အဆွေတော်က ပြီးပြည့်စုံတဲ့ သမိုင်း အကြောင်းကို မသိ နားမလည်ဘူး ဆိုတာ ထင်ရှားပါတယ်၊ ဒါမှမဟုတ်ရင် တမင်သက်သက် မပြောဘဲ နေတာပဲ ဖြစ်မယ်။ တရုတ် နိုင်ငံက ဘယ်တုန်းကမှ အမေရိကန် အပေါ် တစ်ခုခု အကြွေးတင်ထားတာ မရှိသလို အမေရိကန် အပေါ်လည်း စေ့တနာ့ အပြည့်နဲ့ သဘော ထားနေခဲ့တယ်။

အဆွေတော်က "ကင်းစီ" ခေတ်ကာလက လျော်ကြေး အကြောင်းကို ပြောမိတယ်။ ချင်းမင်းဆက်ခေတ်တုန်းက အနောက် ၈ နိုင်ငံ မဟာမိတ်တပ်ဖွဲ့က ပီကင်းကို ကျူးကျော် ဝင်ရောက် ပြီးနောက်၊ တရုတ်နိုင်ငံဟာ လုယက်မှု ခံရတဲ့အပြင် ငွေတုံး တရုတ် အောင်စ သန်း ၄၅၀ လည်း လျော်ကြေးပေးခဲ့ရတယ်။ အဲဒါဟာ တရုတ်ပြည် ငါးနှစ်တာ ဘဏ္ဍာရေး ဝင်ငွေပဲ ဖြစ်တယ်။

၁၉၀၅ ခုနှစ်က အမေရိကန်ဟာ တရုတ်လူမျိုးများအား ဝိုင်းပယ်ရေး ဥပဒေ မူကြမ်းကို ထုတ်ပြန် ကျင့်သုံး ခဲ့တာကြောင့် တရုတ်ပြည် အရပ်ဘက်မှာ အမေရိကန် ကုန်ပစ္စည်းများအား ငြင်းပယ်ရေး လှုပ်ရှားမှု ဖြစ်ပွါး ခဲ့တယ်။ သုံးနှစ် အတွင်း အမေရိကန်ရဲ့ တရုတ်ပြည်အား တင်ပို့ရောင်းချမှု ပမာဏဟာ မူလက ယွမ် ၅၅ သန်း ရှိရာကနေ ၂၅ သန်း အထိ ကျဆင်းလာခဲ့တယ်။ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက တရုတ်ပြည်သူများရဲ့ ဒေါသပေါက်ကွဲမှုကို ပြေလည်စေဖို့အတွက်  "ကင်းစီ" လျော်ကြေးရဲ့ တစိတ်တပိုင်းကို တရုတ်ပြည်ကို ပြန်ပေးဖို့ တိုက်တွန်းခဲ့တယ်။ ဒါကြောင့် အမေရိကန် ပြန်ပေးခဲ့တဲ့ အဲဒီ တစိတ်တပိုင်းဟာ ယူသင့်တာထက် ပိုများအောင် ယူထားတယ်လို့ အမေရိကန်က ယူဆတဲ့ အစိတ်အပိုင်းပဲ ဖြစ်တယ်။ ဒါ့အပြင် ဒီလို ဖြစ်ပေမယ့် တရုတ်နိုင်ငံဟာ လျော်ကြေး အားလုံးကို အချိန်မှန် ပေးဆောင်ရသေးတယ်၊ ပြီးတော့ အမေရိကန်က အထက်ပါ အပို ယူထားတဲ့ ငွေပိုက်ဆံကို သတ်မှတ်ထားတဲ့ ရန်ပုံငွေသို့ ပေးဆောင်တာ ဖြစ်တယ်။ ဒါနဲ့ တရုတ်နိုင်ငံဟာ အမေရိကန်သို့  "ကင်းစီ" ပညာတော်သင်များ စေလွှတ်နိုင်ခဲ့ပြီး ချင်းဟွာ စာသင်ကျောင်းကိုလည်း တည်ထောင် နိုင်ခဲ့တယ်။ ဒါပေမယ့် အမေရိကန်ကလည်း လျော်ကြေး အများစုကို အမေရိကန်မှာ အသုံးပြုနိုင်ခဲ့ပြီး တရုတ်လူမျိုးက အမေရိကန် ကုန်ပစ္စည်း ငြင်းပယ်ရေး လှုပ်ရှားမှုကြောင့် ဖြစ်စေတဲ့ ဆိုးကျိုးများကို ဖြေသိမ့် နိုင်ခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်ကြီး အပြီးမှာ ယာတာ လျှို့ဝှက် သဘောတူစာချုပ်မှာ အမေရိကန် အပါအဝင် နိုင်ငံတစ်ချို့ဟာ တရုတ်ပြည်အား ရောင်းစားခဲ့တယ်။ တျောက်ယူကျွန်းဟာ မူလက တရုတ်ပြည်ရဲ့ ပိုက်နက် နယ်မြေ ဖြစ်တယ်။ စစ်ပွဲ ပြီးဆုံး ပြီးနောက် ထိုင်ဝမ်နဲ့ အတူ တရုတ်ပြည်အား ပြန်ပေးခြင်း မရှိဘဲ၊ အမေရိကန်ဟာ သိမ်းပိုက်သူ အဖြစ်နဲ့ တျောက်ယူကျွန်းရဲ့ စီမံအုပ်ချုပ်ပိုင်ခွင့်ကို ဂျပန်နိုင်ငံကို ပေးအပ်ခဲ့တယ်။

ယနေ့မှာ တရုတ်နဲ့ အမေရိကန်ဟာ နယ်ပယ်အသီးသီးမှာ ကွာဟမှု များစွာ ရှိသေးတယ်။ မိမိတို့ဟာ ပြည်သူများ ချမ်းမြေ့စေဖို့အတွက် အစွမ်းကုန် ကြိုးပမ်း နေပါတယ်။ ဒါပေမယ့် တရုတ်ပြည် အကြောင်း ချိန်ဆတဲ့ စံချိန်ဟာ အမေရိကန်ရဲ့ စံချိန် မဟုတ် သင့်ဘူး။ အမေရိကန်က တရုတ်ပြည်အား ဖိနှိပ်ဖို့အတွက် တရုတ်ပြည်အား ဘက်ပေါင်းစုံကနေ ဝိုင်းပယ် ပိတ်ဆို့မှုများ ပြုလုပ်နေတယ်။ အဲဒါဟာ ဆင်ခြင်ဉာဏ် ကင်းမဲ့တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

   Webradio