• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အရှေ့မြောက်ပိုင်း ရှင်သန်ရေး အစည်းအဝေး ကြီးမှူးကျင်းပ

(GMT+08:00) 2018-09-29 09:24:37

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက တရုတ်ပြည် အရှေ့မြောက်ပိုင်း ပြည်နယ် သုံးခု၌ ခရီးလှည့်လည်ခဲ့ရာ အရှေ့မြောက်ပိုင်းဒေသ ရှင်သန်ရေး အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပါသည်။

ရှီကျင့်ဖိန်က၊ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်နှင့် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ အစည်းအဝေး၏ ရည်မှန်းချက် အကြောင်းအရာများကို ထိရောက်စွာ အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပါတီဗဟိုကော်မတီ၏ အရှေ့မြောက်ပိုင်း ရှင်သန်ရေးဆိုင်ရာ မူဝါဒနှင့် စီမံကိန်းများကို ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို စွဲကိုင်ပြီး ပြုပြင်ပြောင်းလဲမှုများကို ဇောက်ချ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ရုပ်သွင်သစ်၊ ဆောင်ရွက်မှုသစ်များဖြင့် အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုးရှင်သန်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ အရှေ့မြောက်ပိုင်းဒေသသည် တရုတ်ပြည်၏ အရေးကြီး စက်မှုနှင့် လယ်ယာစိုက်ပျိုးရေး အခြေစိုက်နေရာ ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လုံခြုံမှု၊ စားနပ်ရိက္ခာ လုံခြုံဖူလုံမှု၊ ဂေဟစနစ်၊ စွမ်းအင်လုံခြုံမှု၊ ကုန်ထုတ်လုပ်မှု လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး နယ်ပယ်၌ အရေးကြီး မဟာဗျူဟာကျနေရာလည်း ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေ တစ်ခုလုံးနှင့် ဆက်စပ်ပါကြောင်း၊ အရှေ့မြောက်ပိုင်း ရှင်သန်းရေးလုပ်ငန်းကို စွဲစွဲမြဲမြဲ ကြိုးကြိုးစားစား အားဖြည့် ဆောင်ရွက်ပြီး နိုင်ငံတော်၏ အရေးကြီး မဟာဗျူဟာကို အားကောင်းစွာဖြင့် အထောက်အကူပေးရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

   Webradio