• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖုန်လိယွမ်က ကုလသမဂ္ဂ တီဘီရောဂါ ကုသကာကွယ်ရေး အစည်းအဝေးမှာ မိန့်ခွန်း ပြောကြား

(GMT+08:00) 2018-09-28 09:54:20

၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တီဘီရောဂါ ကုသ ကာကွယ်ရေး အဆင့်မြင့်အစည်းအဝေးကို မကြာခင်က နယူးယောက်မြို့မှာ ကျင်းပခဲ့တယ်။ တရုတ် နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်ရဲ့ဇနီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တီဘီရောဂါနဲ့ အေအိုင်ဒီ အက်စ်ရောဂါ ကုသ ကာကွယ်ရေး သံတမန် ဂရုဏာရှင် ဖုန်လိယွမ်ဟာ ဖိတ်ကြားချက်အရ၊ တီဘီရောဂါ ကုသကာကွယ်ရေးဆိုင်ရာ ထူးချွန်ပုဂ္ဂိုလ် တစ်ဦး အဖြစ်နဲ့ အစည်းအဝေးရဲ့ ဖွင့်ပွဲအခမ်းအနားမှာ အောက်ပါ ဗီဒီယိုဖရီကွင့်ဆီ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ချစ်ခင်ရတဲ့မိတ်ဆွေများရှင်၊ ကျွန်မက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တီဘီရောဂါနဲ့ အေအိုင်ဒီ အက်စ်ရောဂါ ကုသကာကွယ်ရေး သံတမန် ဂရုဏာရှင် ဖြစ်သူ ဖုန်လိယွမ်ပါ။ ဒီအကြိမ် အဆင့်မြင့်အစည်းအဝေး ကျင်းပခြင်းကို ထောမနာ ပြုပါတယ်၊ အားလုံး မင်္ဂလာပါလို့ နှုတ်ဆက်ပါရစေ။

ကျွန်မက ၂၀၀၇ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ တီဘီရောဂါ ကုသကာကွယ်ရေး တရုတ်ရုပ်သွင် သံတမန် အဖြစ် ထမ်းဆောင်ပြီး ၂၀၁၁ ခုနှစ်က သံတမန် ဂရုဏာရှင် အဖြစ် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒါဟာ ကျွန်မ တန်ဖိုးထား မြတ်နိုးတဲ့ တာဝန်ဝတ္တရားပဲ ဖြစ်တယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း နှစ်စဉ် မတ်လ ၂၄ ရက်နေ့တိုင်း ကျွန်မက တီဘီ ရောဂါ ဖြစ်ပွါးခြင်း များပြားတဲ့နေရာကို သွားရောက် လေ့လာတတ်တယ်၊ ဒီလိုနဲ့ လူတကာ ပိုမို အသိရှိရှိနဲ့ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီနှစ်မှာ ကျွန်မက တရုတ်ပြည် အလယ်ပိုင်း ဟူပေပြည်နယ်ကို သွားရောက်တယ်။ တီဘီရောဂါနဲ့ ကောင်းမွန်တဲ့ နေထိုင်မှု ဘဝ အကျင့်ဆိုင်ရာ ဗဟုသုတများကို ဆယ်ကျော် ကျောင်းသူကျောင်းသားများနဲ့ အတူ မျှဝေ လေ့လာကြတယ်။ ဒေသခံ ရွာတစ်ရွာမှာ လုံးဝ သက်သာလာပြီး ဖြစ်တဲ့ ရောဂါသည် တစ်ဦးကို တွေ့ရှိခဲ့တယ်။ တီဘီရောဂါ ကုသ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဖို့ ကျွန်မက သူ့ကို နှိုးဆော် တိုက်တွန်းတယ်။ ဒီလိုနဲ့ တီဘီရောဂါ ခုခံရေး အတွေ့အကြုံများကို ပိုမိုများပြားတဲ့လူနဲ့ မျှဝေခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ကျွန်မက တီဘီရောဂါ ကုသကာကွယ်ရေး ထူးချွန် ဝန်ထမ်းများ ချီးမြှင့်ပွဲ တစ်ရပ်ကိုလည်း ကျွန်မ တက်ရောက်တယ်။ သူတို့ထဲမှာ အများစုဟာ အခြေခံ လုပ်ငန်းဌာနမှာ အလုပ်လုပ်နေပြီး ရသမြောက်တဲ့ တွေ့ကြုံမှုများ ရှိပါတယ်။

သူတို့ထဲမှာ တစ်ဦးဟာ စီချွမ်းပြည်နယ် လူနေရပ်ကွက် တစ်ခုက ဆေးဝန်ထမ်း ဖြစ်တယ်။ ဒေသခံ တီဘီရောဂါသည်များကို ပြုစုစောင့်ရှောက်ပေးနေတယ်။ ၂၀၀၈ ခုနှစ်က စီချွမ်း ငလျင်ဘေးကြီး ဖြစ်ပွါးတဲ့အခါ၊ သူမရဲ့ ဇာတိရာဟာ ဘေးအခြေအနေ လွန်စွာ ပြင်းထန် ဆိုးရွားပါတယ်။ ဒီလိုဖြစ်ပေမယ့်လည်း သူမက နည်းလမ်းမျိုးစုံ ရှာကြံပြီး သူမ ပြုစု စောင့်ရှောက်နေတဲ့ ရောဂါသည် ၅၄၀ ဦးနဲ့ ဆက်သွယ်နိုင်ခဲ့ပါတယ်။ နောက်ဆက်တွဲ ငလျင်ဘေး အန္တရာယ်များကို မငဲ့ကွက်ဘဲ မိုင်ပေါင်းများစွာ လမ်းလျှောက်ကာ ရက် ၂၀ အတွင်း အဲဒီရောဂါသည်များကို ဆေးဝါးများ အချိန်မီ ပေးပို့ခဲ့တယ်။ ဆေးဝန်ထမ်း တစ်ဦး အနေနဲ့ ဆေးဝါးနဲ့ ကုသခြင်း အရေးကြီးပုံကို သူမ နားလည်သိရှိတယ်။ သူမရဲ့ ကြိုးပမ်းမှုဟာ အကျိုးရလဒ် ရရှိပြီ၊ အခု အဲဒီ ရောဂါသည် ၅၄၀ စလုံး လုံးဝ သက်သာပါပြီ။ သူတို့ထဲမှာ ရောဂါပိုးများ ဆေးယဉ်ပါးခြင်း တီဘီ ဖြစ်လာသူ တစ်ယောက်မှ မရှိဘူး။ အဲဒါဟာ မှတ်သားသင့်တဲ့ အောင်ကျိုးရလဒ်ပဲ ဖြစ်တယ်။

မီဒီယာနဲ့ အားပေးသူများကိုလည်း ကျွန်မက ကျေးဇူးတင်အပ်ပါတယ်။ ကျွန်မတို့က တရုတ်ပြည် တီဘီရောဂါ ကုသကာကွယ်ရေး စေတနာ့ဝန်ထမ်း ၇ သိန်းကျော်တို့နဲ့ လက်တွဲ ကြိုးပမ်းပြီး လူဦးရေ ၇၅ ရာခိုင်နှုန်းကျော် တီဘီရောဂါဆိုင်ရာ ဗဟုသုတ ရရှိလာစေတယ်၊ သူတို့ရဲ့ တီဘီရောဂါဆိုင်ရာ ဗဟုသုတ တိုးလာစေပြီး အကျိုးရလဒ်ကတော့ အသက်ကို ကယ်ဆယ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ကျွန်မက တရုတ်ပြည် တီဘီရောဂါ ကုသကာကွယ်ရေး လုပ်ငန်း လျင်မြန်စွာ တိုးတက်ခြင်းကို မျက်မြင်ကိုယ်တွေ့သူ တစ်ဦး ဖြစ်ပါတယ်။ ဆေးဝါး ကုသရေး ဝန်ဆောင်မှု တိုးတက်လာတာကြောင့် ကျွန်မတို့ဟာ ပိုမို ထိရောက်ပြီး ပိုမို အချိန်မီ ကုသမှုကို ပေးနိုင်တယ်။ တစ်ချို့ဒေသမှာ တီဘီရောဂါ ကုသကာကွယ်ရေးဟာ ဆင်းရဲမှု ပပျောက်ရေး စီမံကိန်းထဲမှာ အရေးကြီး တစိတ်တပိုင်း ဖြစ်တယ်။ ရောဂါ တိုင်းတာ စစ်ဆေးမှုနှုန်း တိုးလာပြီး ရောဂါ ဖြစ်နှုန်းနဲ့ သေဆုံးမှုနှုန်း ဆက်လက် လျော့နည်းလာနေပါတယ်။

ကျွန်မက နိုင်ငံခြားမှာ ခရီးလှည့်လည်စဉ်မှာလည်း ဒေသခံ တီဘီရောဂါ ဖြစ်ပွါးမှု အခြေအနေ လေ့လာခြင်းကို အစီအစဉ်ထဲမှာ ထည့်သွင်းဖို့ ကြံဆနေတယ်။ ပိုမိုများပြားတဲ့ ရောဂါသည်တွေဟာ လိုအပ်တဲ့ ကူညီမှုများ ရရှိလာပြီလို့ ကျွန်မ ဝမ်းသာစွာ တွေ့ရှိ ပါတယ်။ နိုင်ငံအသီးသီးမှ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်တဲ့ အသင်းအဖွဲ့များ၊ ကျွမ်းကျင်ပညာရှင်နဲ့ စေတနာ့ ဝန်ထမ်းများရဲ့ လက်တွဲ ကြိုးပမ်းမှုကြောင့်ပဲ တီဘီရောဂါ အခြေအနေ ပြောင်းလဲလာစေပါတယ်။

ဒါပေမယ့် ကြီးမားတဲ့ စိန်ခေါ်မှု ရှိမြဲ ရှိနေသေးတယ်၊ ရောဂါပိုးများ ဆေးယဉ်ပါးခြင်း တီဘီရောဂါဟာ ခြိမ်းခြောက်မှုကြီး တစ်ရပ် ဖြစ်မြဲ ဖြစ်နေသေးတယ်။ ကုသရေး နည်းလမ်း ကန့်သတ်မှု ရှိခြင်းနဲ့ ငွေကြေး ချို့တဲ့ခြင်းတို့ဟာ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ပြဿနာ ဖြစ်မြဲ ဖြစ်နေသေးတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တီဘီရောဂါ တားမြစ်ရေး မဟာဗျူဟာကို ကျင့်သုံးနေတယ်။ ခုချိန်ဟာ ဆောင်ရွက်သင့်တဲ့အချိန်ပဲ ဖြစ်တယ်။

အားလုံး ကျွန်မတို့ရဲ့ ဆောင်ရွက်မှုမှာ ပါဝင်ဖို့ ကျွန်မ ပန်ကြားလိုပါတယ်။

သန်းချီတဲ့ တီဘီရောဂါသည်များရဲ့ ဘဝကို ပြောင်းလဲဖို့၊ တီဘီရောဂါကို ဟန့်တားဖို့ လက်တွဲ ကြိုးပမ်းကြစို့။

ဒီအကြိမ် အစည်းအဝေး ချောမောအောင်မြင်ဖို့ ဆုတောင်းပါစေ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

   Webradio