• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ် နိုင်ငံတော် ဒုဥက္ကဋ္ဌ ဒန်သီငို့သင့်သည် နိုင်ငံတော် ယာယီ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်

(GMT+08:00) 2018-09-24 11:07:23

ဗီယက်နမ် လွှတ်တော် ဥက္ကဋ္ဌ ငုင်သီကင်ငန်သည် ယခုလ ၂၃ရက်နေ့က ၁၄ကြိမ်မြောက် လွှတ်တော် အမြဲတမ်း ကော်မတီ၏ ကိုယ်စား စာတမ်းထုတ်ပြန်ရာ နိုင်ငံတော် ဒုဥက္ကဋ္ဌ ဒန်သီငို့သင့် အနေနှင့် နိုင်ငံတော် ယာယီ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ကြောင်း ကြေညာသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ဗီယက်နမ် နိုင်ငံတော် ဥက္ကဋ္ဌ တရန်ဒိုင်ကွမ်သည် ရောဂါကြောင့် ယခုလ ၂၁ရက်နေ့ နံနက်ပိုင်းက ဟနွိုင်းမြို့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

   Webradio