• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမအကြိမ်း လယ်သမားများ သီးထွက်ကောင်း ပွဲတော် ကျင်းပမည်

(GMT+08:00) 2018-09-21 08:47:45

တရုတ်ပြည် ပထမ အကြိမ် လယ်သမားများ သီးထွက်ကောင်းပွဲတော်ကို ယခုလ ၂၃ ရက်နေ့တွင် ကျင်းပမည်။ ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ပြည်တွင်းပြည်ပ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ပြီး ယင်းသတင်းစာ ရှင်းလင်းပွဲတွင် အခြေခံ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းရှင် လေးဦးသည် ပြည်တွင်းပြည်ပမှ သတင်းထောက်များ၏ မေးခွန်းကို ဖြေကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

လယ်သမားများ သီးထွက်ကောင်း ပွဲတော်သည် တရုတ်ပြည် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်ကျိုးရလဒ်များကို အထိမ်းအမှတ်ပြုသည့် ပွဲတော် တစ်ရပ်ပင် ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင်၊ အတွင်းမွန်ဂိုးပြည်နယ် ဟုလွင်ဘေရ်မြို့ အာရုံဒေသ ပါတီကော်မတီ အတွင်းရေးမှူးက၊ ယခုနှစ်တွင် အာရုံဒေသ စားနပ်ရိက္ခာ ထုတ်လုပ်မှု ပမာဏမှာ တရုတ်ကျင်း သန်း ၄၂၀၀ ရှိမည် ဖြစ်ပြီး ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် အများဆုံးပင် ဖြစ်ကြောင်း၊ မိမိတို့ သုတေသနပြု ပျိုးထောင်သည့် ဧရာမပဲပင် တစ်ပင်တွင် ပဲသီးတောင့် ၉၀ ကျော် ရှိပြီး တစ်နည်းပြောမည် ဆိုလျှင် ၀့ ၀၆ ဟက်တာ ဖြစ်သည့် တရုတ်မို တစ်မိုလျှင် ပဲ ကီလိုဂရမ် ၂၁၀ ထွက်နိုင်ပါကြောင်း၊ မိမိတို့၏ ဧရာမနွားမှာ ဒေသခံ မျိုးကောင်းမျိုးသန့် ဖြစ်ပြီး စုစုပေါင်း ကီလိုဂမ် ၉၀၀ အထိ အလေးချိန် ရှိကြောင်း ရှင်းလင်း ပြောကြားပါသည်။

ဟိုပေပြည်နယ် ဟိုကျာကျွမ်ရွာမှ ပါတီကော်မတီ အတွင်းရေးမှူး ယမ်ရွှမ်နျူက၊ မိမိတို့ရွာ၌ ပန်းသီး စိုက်ပျိုးရာတွင် ကျွမ်းကျင်ပညာရှင်များ စီမံထားသည့် အတိုင်း၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးကို လုံးဝ အသုံးမပြုဘဲ ညစ်ညမ်းမှု ကင်းမဲ့စွာ စိုက်ပျိုး နေခြင်း ဖြစ်ကြောင်း၊ ဟန်းဖုန်း QR Code ဖြင့် ပန်းသီး စိုက်ပျိုး ပို့ဆောင်သည့် ဖြစ်စဉ် တစ်ရပ်လုံးကို လိုက်လံ စစ်ဆေးနိုင်ကြောင်း ပြောကြားပါသည်။

   Webradio