• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် နွေရာသီ ဒါဗို့စ် ဖိုရမ်၌ မိန့်ခွန်း ပြောကြား

(GMT+08:00) 2018-09-20 09:46:02

၂၀၁၈ ခုနှစ် ကမ္ဘာ့ စီးပွါးရေးဖိုရမ် ရှေ့ပြေးသူများ နှစ်ပတ်လည် အစည်းအဝေး ဖြစ်သည့် ၁၂ ကြိမ်မြောက် နွေရာသီ ဒါဗို့စ်ဖိုရမ်ကို ယခုလ ၁၉ ရက်နေ့က တရုတ်ပြည် ထျဲန်ကျင်းမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယင်းဖိုရမ်ကို ၆ နှစ် ဆက်တိုက် တက်ရောက်ပြီး ယခုအကြိမ် ဖိုရမ်တွင် မိန့်ခွန်း ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

လီခေ့ချန်က၊ တရုတ်နိုင်ငံသည် တံခါးဖွင့်ရေးကို အားဖြည့် တွန်းအားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို ဘက်စုံ ဇောက်ချ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဈေးကွက်ဝင်ခွင့်စနစ် ပိုမို ချောင်လည်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မူဝါဒများ ပိုမို ပွင့်ပွင့်လင်းလင်း ဖြစ်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တရားမျှတစွာ ကြီးကြပ်ရေးစနစ်ကို ကျင့်သုံးသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယခုအကြိမ် ဒါဗို့စ်ဖိုရမ်၏ ဆောင်ပုဒ်သည် "စတုတ္ထ အကြိမ် စက်မှု တော်လှန်ရေးတွင် ဆန်းသစ်တီထွင်ရေး လူ့ဘောင်အဖွဲ့အစည်းကို ထူထောင်ခြင်း" ဖြစ်ကြောင်း၊ နိုင်ငံ ၁၀၀ ကျော်မှ နိုင်ငံရေး၊ ကုန်သွယ်ရေး၊ သုတေသနပြုရေးနှင့် မီဒီယာ လောကမှ ကိုယ်စားလှယ် ၂၃၀၀ ကျော်တို့သည် ဖိုရမ်သို့ တက်ရောက်ကြပြီး သမိုင်းတွင် အများဆုံး ဖြစ်ကာ ယခုအကြိမ် ဖိုရမ်သည် နှစ် ၄၀ အတွင်း အတိုင်းအတာ အကြီးမားဆုံးသော ဖိုရမ်ပင် ဖြစ်ကြောင်း သိရပါသည်။

   Webradio