• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယအကြိမ် ၂၁ ရာစု ပင်လယ်ပိုးလမ်းမကြီး နိုင်ငံတကာ မီဒီယာ ဖိုရမ် ဖွင့်လှစ်

(GMT+08:00) 2018-09-20 09:12:53

ဒုတိယအကြိမ် ၂၁ ရာစု ပင်လယ်ပိုးလမ်းမကြီး နိုင်ငံတကာ မီဒီယာ ဖိုရမ်ကို ယခုလ ၁၉ ရက်နေ့က တရုတ်ပြည် ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ယခု အကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် "ခေတ်သစ်၊ ပိုးလမ်းမကြီးသစ်၊ ရုပ်သွင်သစ်" ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် ဖိုရမ်ကို တရုတ် မီဒီယာ အုပ်စုနှင့် ကွမ်တုန်းပြည်နယ် အစိုးရတို့ ဦးစီး ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ မီဒီယာ အုပ်စု ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက၊ ယခုနှစ်သည် တရုတ် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်း ဆောင်ရွက်သည့် ၄၀ ပြည့်မြောက်နှစ် ဖြစ်သလို၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က Belt and Road အဆိုပြုချက် တင်ပြခဲ့သည့် ၅ နှစ်ပြည့်လည်း ဖြစ်ကြောင်း၊ ယခုအကြိမ် ဖိုရမ်တွင် ၂၁ ရာစု ပင်လယ် ပိုးလမ်းမကြီး တည်ဆောက်ရေး ဆိုင်ရာ လက်တွေ့ ဆောင်ရွက်မှုသစ်များနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး ဆိုင်ရာ အောင်ကျိုးရလဒ်သစ်များကို ပြသမည် ဖြစ်ကြောင်း၊ မီဒီယာ အုပ်စု အနေနှင့် တရုတ်အသံကို ဦးလည်မသုန် ထုတ်လွှင့်မည် ဖြစ်ကြောင်း၊ နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ကို ဦးလည်မသုန် ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ လူသား ကံကြမ္မာ အသိုက်အဝန်း အတွေးအခေါ်ကို ဦးလည်မသုန် ဝါဒဖြန့်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယခုအကြိမ် ဖိုရမ်တွင် ပင်မ ဖိုရမ် အပြင်၊ "ကွမ်တုန်းပြည်နယ် နိုင်ငံတကာ မီဒီယာ""သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်မှုဖြင့် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစီးခြင်း"နှင့် "ကွမ်တုန်း ဟောင်ကောင် မကာအို ပင်လယ်ကွေ့ဇုန် ခေတ်သစ် အခွင့်အလမ်းများ အတူ မျှဝေခြင်း" အပါအဝင် ဖိုရမ်ခွဲ သုံးခုလည်း ကျင်းပနေပါသည်။

   Webradio