• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘာလင် နိုင်ငံတကာ ရထားလမ်းပန်းဆက်သွယ်ရေး နည်းပညာ ပြပွဲ ဖွင့်လှစ်

(GMT+08:00) 2018-09-19 11:04:14

ယခုလ ၁၈ရက်နေ့က ၂၀၁၈ ဘာလင် နိုင်ငံတကာ ရထားလမ်းပန်းဆက်သွယ်ရေး နည်းပညာ ပြပွဲကို ဂျာမဏီ နိုင်ငံ ဘာလင်မြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဘာလင် နိုင်ငံတကာ ရထားလမ်းပန်းဆက်သွယ်ရေး နည်းပညာ ပြပွဲသည် ကမ္ဘာပေါ်တွင် ရထားလမ်းပန်းဆက်သွယ်ရေး နယ်ပယ်မှ အတိုင်းအတာ အကြီးမားဆုံး ပြပွဲ ဖြစ်ကြောင်း၊ ၆၁နိုင်ငံမှ ကုမ္ပဏီနှင့် လုပ်ငန်းဌာန ၃၀၆၂ခု ယခုအကြိမ် ပြပွဲတွင် ပါဝင် တက်ရောက်ကြကြောင်း သိရသည်။

ထိုနေ့က တရုတ်ပြည် CRRCကုမ္ပဏီသည် ၄င်းဒီဇိုင်းရေးဆွဲထုတ်လုပ်သော ခေတ်သစ် carbon fiber မြေအောက်ရထားကို ပထမဆုံး အကြိမ် ပြသကြောင်း သိရသည်။

   Webradio